RSS

Pages

Tuesday, October 27, 2009

အဲဒီညမှာ...........

သံစဉ်တွေပျောက်ဆုံးနေတဲ့ည
လမသာတဲ့ည
အမှောင်အတိကျနေတဲ့ည
လေပြေမလာတဲ့ည
ပူအိုက်လွန်းတဲ့ည
သောက်စရာမရှိတဲ့ည
အပြုံးတွေမဲ့နေတဲ့ည
အထီးကျန်ည
အတွေးတွေလျှံကျနေတဲ့ည
အလွမ်းတွေပြည့်နေတဲ့ည
တယောက်ယောက်ကို သတိရနေခဲ့တဲ့ည
ည ည ထိုညမှာ..........
သံစဉ် သံစဉ် ဟုတ်တယ်
ငါကြားလိုက်တယ်
လရောင် ဖျတ်ခနဲ ဖျတ်ခနဲ ဟုတ်တယ်
ငါမြင်လိုက်တယ်
လေပြေ ဟုတ်တယ်
တချက် ဝေ့ခနဲ တချက် တိုက်လိုက်သလိုဘဲ
အေးခနဲ တချက် ခံစားလိုက်ရတယ်
အပြုံး တယောက်ယောက် ငါ့ကိုပြုံးပြတာတွေ.လိုက်တယ်
တယောက်ယောက် ငါ့ဆီလာနေတယ်
အထီးကျန်မှု.တွေ အဝေးကိုလွင့်ပါးကုန်တယ်
အတွေးတွေ သူကောက်သိမ်းသွားတယ်
အလွမ်းတွေ သူလာယူသွားတယ်
တယောက်ယောက်ကို သတိရနေတဲ့ ညမှာ
တယောက်ယောက် ရောက်လာခဲ့တယ်လေ အဲဒီညမှာ.......။ ။

1 comments:

Yu Ya said...

တစ်ယောက်ယောက်ဆိုတော့ တစ်ယောက်ယောက်ဖြစ်မှာပေါ့နော်..

yu ya

Post a Comment