RSS

Pages

Friday, October 16, 2009

သံယောဇဉ်....................

ကောင်လေးရေ
မြင်နိုင်ရင်တော့
လှမ်းကြည့်ပေါ့
မင်းရဲ.နှလုံးသားထဲ
ဘယ်သူမြင်နိုင်မှာလဲ...။

ရင်ထဲမှာ
အလွမ်းတွေ ကျဲပြန့်နေတယ်
အချစ်ကြောင့် လိုက်မကောက်ဖြစ်ဘူး
မျက်ရည်မကျပဲ
လက်ပိုက်ကြည့်နေရုံနဲ့
မတတ်နိုင်ဘူးလို့ သဘောထားလို့ရတယ်...။

အတွေးတစ်ချက် ခတ်မိတိုင်း
သတိရတဲ့စိတ်က နေရာယူ
ရင်ထဲက
အပူနဲ့မျက်ရည်မိုး
ဘယ်အငြိုးကြောင့် သည်းနေပါလိမ့်...။

လူတစ်ယောက်ဟာ
မမြင်နိုင်တဲ့ သံယောဇဉ်ကြိုးတစ်ချောင်းနဲ့
ဘယ်လောက်ကြာကြာ ငြိတွယ်နေနိုင်မလဲ
ကောင်လေးရယ်..
မနက်ဖြန်တွေရဲ့ အိပ်မက်တိုင်းမှာတော့
နင်ရှိနေစေချင်တယ်
သေချာတာကတော့
နင့်ကိုမေ့ဖို. ငါ့မှာအင်အားမရှိဘူး...။

0 comments:

Post a Comment