RSS

Pages

Wednesday, October 14, 2009

သက်တန်. နှင့် နေမင်း (ဘ၀ရဲ. အလှ နဲ. အလင်း)


မနေ.ကမိုးရွာပြီးတော့ ကောင်းကင်ကြီးကကြည်လင်နေတယ်
ပြာလွင်နေတဲ့ကောင်းကင်ကြီးပေါ်မှာ ကကြိုးသွယ်နေတဲ့
သက်တန်.ကြီးက ကမ္ဘာမြေကြီးကိုလွမ်းခြုံထားတယ်
ကမ္ဘာမြေကြီးကလည်း သက်တန်.ကြီးရဲ. အလှအောက်မှာ
ပိုမိုကြည်လင်တောက်ပနေခဲ့တယ်...........
သိပ်မကြာပါဘူး နေမင်းကြီးလဲထွက်လာရော
လှပတဲ့ သက်တန်.လည်းပျောက်ကွယ်သွားရတယ်
ဘ၀ဆိုတာလည်း ဒီလိုပါဘဲ...................

နေမင်းကြီးဘက်က စဉ်းစားကြည့်ရင်
ကိုယ်ကနွှေးထွေးမှု.တွေပေးချင်လို. ပေါ်ထွက်လာပေမယ့်
သူတပါးအတွက်တော့ ထိခိုက်နာကျင်မှု.တွေဖြစ်ပေါ်စေတက်တယ်
ကိုယ့်ကြောင့် တချို. တချို.တွေက ပျှော်ရွှင်ကြပြီး
ကိုယ့်ကြောင့် တချို. တချို.တွေက စိတ်ညစ်ကြတယ်
ကိုယ်က ကောင်းမယ်ထင်ပေမယ့် သူများတွေအတွက်ဆိုးသွားတာတွေရှိတယ
ကိုယ်က မရည်ရွယ်ပေမယ့် ကိုယ့်ကြောင့်လို.ဖြစ်နေရတယ်

သက်တန်.ကြီးဘက်က စဉ်းစားကြည့်ရင်လည်း
ဘ၀ဆိုတာ လှမယ်လို.တောင်မကြံသေးဘူး အဖျက်တွေဝင်လာတက်တယ်
ကိုယ့်အလှတွေမှာ သူတို.တွေပျှော်နိုင်ကြမှာဘဲလို. ထင်ပေမယ့်
ကိုယ်ပေါ်လာဖို. ရွာသွန်းပေးခဲ့တဲ့မိုးကို ပြစ်တင်ဝေဖန်နေကြတဲ့သူတွေရှိတယ်
ကိုယ့်က အစွမ်းကုန်တည်တံ့အောင်ကြိုးစားပေမယ့် တချိန်မှာ
အားလုံးရဲ. အထက်ကနေကွယ်ပျောက်သွားရတယ်။ ။

0 comments:

Post a Comment