RSS

Pages

Friday, May 7, 2010

နွေ............

ကမ်းပျောက်တဲ့ ဗေဒါ
လှမ်းလျှောက်လို.ရေမှာ
ဦးတည်ရာမှဲ့ သူ.အခြေဟာ
ပန်းပိတောက်တို.မဝေတဲ့သည်နွေအခါ
မရွာတဲ့မိုးကိုမှမျှော်မိသေလား
အားလုံးဟာ တလွဲစီ တခြားစီ
အကန်.တွေများစွာနဲ. ခြားနားနေခဲ့
ရည်မှန်းထားတာတွေနဲ. အလွဲကြီးလွဲနေခဲ့
လက်ခံနိုင်တဲ့နှလုံးသားဟာ ခုနန်နေဆဲပါ
အားလုံးဟာ ဒီပုတ်ထဲကဒီပဲတွေပါဘဲ
ထူးပြီးမျှော်လင့်ချက်ထားခဲ့မိပေမယ့်
ပုထုဇဉ်ပေဘဲမို. ထူးပြီးမသာနိုင်ခဲ့ပေလေ
ဗေဒါက ရေမှာပျော်တယ်
ဒါပေမယ့် ကမ်းမဲ့နေခဲ့
ပိတောက်ကနွေမှာမြူးတယ်
ဒါပေမယ့် မိုးကိုတောင့်တနေခဲ့
လက်ရှိကရော.....ကမ်းမဲ့ဆဲပါ
သည်နှစ်နွေက အသစ်တွေပေးနိုင်သလို
အဟောင်းတွေကိုအကြောင်းတိုက်ဆိုင်တိုင်း
လွမ်းတက်အောင် ဖန်တီးပေးနိုင်သည်ဘဲ
သို.ပေမယ့်.....နှစ်တိုင်းထက်သည်နှစ်နွေပိုပူတာတော့လက်ခံပါ။ ။

Tuesday, April 6, 2010

တပိုင်းတစခံစားချက်.....fwd မေးကရတာပါ

ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ

မပွင့်တပွင့် နှုတ်ခမ်းလေးက
'ကို' လို့ တစ်ခွန်း ခေါ်လိုက်တိုင်း မှာ
သံယောဇဉ် ဝက်အူက
ရင်ကို တစ်ရစ်တင်းတယ်။

ချစ်သူ့ နှုတ်ခမ်းဖျားမှာ
မုန်တိုင်းတစ်ခု ဖွဖွကလေး တိုက်ရင်တောင်
ငါက…နှလုံးသားတစ်ခုလုံး ဒေါင်ချာစိုင်းတဲ့ကောင်ပါ။

ပတ္တမြားသွေးနဲ့ 
ချစ်စရာနှုတ်ခမ်းလေးမှာ
စကားလုံးလေးတွေက တတွတ်တွတ်နဲ့ ပွင့်တယ်။
မာယာ သကြားတွေ ထည့်မထားတဲ့
စကားလုံး ရိုးရိုးလေးတွေက
ဘာကြောင့် ဒီလောက်ချိုနေရတာလဲ။
အဲဒီ့ စကားလုံးလေးတွေကိုပေါ့
ငါ…ဝိုင်အရက် ချက်ပြီး တညလုံးမူးခဲ့တာ။

မျက်လုံးခြင်း ဆုံလိုက်တဲ့ အခိုက်အတန့် မှာ
အကြင်နာမြစ်တစ်စင်းက ငါ့သွေးကြောထဲကို ဖြတ်စီး
ခဏလေး လက်သွားတဲ့ လျှပ်စီးရောင်အောက်မှာ
အသည်း သဏ္ဍန်တိမ်စိုင်လေးတစ်ခုကို
ဝိုးတဝါးနဲ့ တွေလိုက်ရတယ်။
ဒါ ချစ်ခြင်းရဲ့ နိမိတ်လား။

လမင်းရဲ့ ဆွဲငင်အားနဲ့ 
သံယောဇဉ် ဒီရေတွေတရိပ်ရိပ်တိုး
နှလုံးသား ဆည် ကျိုးတဲ့နေ့ ကပေါ့။

ဟန်တစ်ခွဲသားနဲ့ အဖြူရောင် တံတိုင်းကြီးလည်း
တိုးတိုးလာတဲ့ ချစ်ခြင်း တွေကို ထမ်းပိုးရင်းက
မနိုင်မနင်းနဲ့  သူ့ အလိုလို ပြိုကျ၊
ချစ်စကားတွေ ငါ့နှုတ်ခမ်းက အလုအယက် ခုန်ထွက်လာတုန်းကပေါ့။
စကားလုံးတွေ တစ်လုံးနဲ့ တစ်လုံး ခလုတ်တိုက်မိပြီး
ငါ့စကားတွေက ထစ်သွားလိုက်တာ။

နှစ်ယောက်စလုံးရဲ့ ရင်ခုန်သံတွေက
တိတ်ဆိတ်မှုကိုဖြို
ချစ်သူ့ မျက်နှာမှာ
ရှက်သွေးတွေစိုသွားတဲ့ခဏပေါ့။
ငါ…လမင်းနီနီကို ပထမဆုံးအကြိမ် မြင်လိုက်ရတယ်။

ကျေးဇူးပြုပြီး တိတ်ပေးကြပါ
ဝင်သက်ထွက်သက်တို့ ၊
ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ
နှင်းဆီ တစ်ပွင့်စီ အိပ်နေလို့ ။

Saturday, April 3, 2010

ဒီနေ.(3.4.2010)

တခါမှမတွေ.ဖူးခဲ့တဲ့.... ဧပရယ်မှာဆုံဖူးခဲ့တဲ့ အိမ်မက်ကိုပြန်တွေ.ခဲ့တယ်
မမျှော်လင့်ခဲ့ပါဘူး ဒိလောက်စောစောတွေ.ရမယ်လည်း မတွေးထားခဲ့မိဘူး
ဝမ်းနည်း ၀မ်းသာဖြစ်မိတယ်
ဘာရယ်ကြောင့်လည်းတော့ မမေးပါနဲ. အဖြေရှာဖို.ခက်လို.ပါ
တအားလည်းဝမ်းသာတယ်ပျော်တယ်
တအားလည်း ၀မ်းနည်းတယ် ငိုချင်တယ်
နွေမှာတွေ.ခဲ့တဲ့သံယောဇဉ် နွေမှာဘဲလက်တွေ.ဆန်ခဲ့တယ်
ဖြတ်ဖို.ခက်တဲ့သည်နွယ် ငါတွယ်ရစ်ခဲ့မိပြီ
တွေးလေ အဖြေမရလေ ငါတွေဝေတုန်းဘဲလေ
လွမ်းစရာတွေပေါတဲ့နွေ တွေးစရာတွေပေါတဲ့နွေ
သည်နွေ သတိရစရာတွေ သူအမှတ်ရကာဆွေးနေမလားပေါ့လေ
သူလည်းဘဲပုထုဇဉ်ဘဲလေ ခံစားတက်တဲ့နှလုံးသားပိုင်ဆိုင်ထားတယ်
အမြဲ စိမ်းရင်စိမ်းနီရင်နီနေတက်တဲ့ သူ.အကောင့်လေး ဘယ်တော့မှများပြန်တွေ.ရတော့လေမလဲ
နောက်တကြိမ်ဆိုတာ အခွင့်အရေးရှိရင်တော့ သူပြန်တက်လာမှာပေါ့လေ
ခုဆိုငါတယောက်ထဲ သူမရှိတဲ့အွန်လိုင်းမှာကျင်လည်နေရပြီ
တယောက်ယောက်အမြဲရှိနေခဲ့တဲ့နေရာမှာ မရှိတော့တဲ့အခါ
တခုခုအမြဲတွေ.နေကြနေရာမှာ မတွေ.ရတော့တဲ့အခါ
သံယောဇဉ်တွယ်မိသူတိုင်းခံစားရလေ့ရှိတဲ့ ၀မ်းနည်းဝမ်းသာမှု.မျိုးပါ
သူလည်းဘဲ သူ.ဘ၀နဲ.သူကျင်လည်ရပေလိမ့်မယ်
ကိုယ်လည်းဘဲ ကိုယ်ဘ၀နဲ.ကိုယ်လျှောက်လှမ်းရဦးမယ်
လက်တွေ.ဆန်ချင်ခဲ့တဲ့သူ လက်တွေ.ဖြစ်လာခဲ့ပါပြီ
ရှေ့ဆက်ပြီး အကျိုးအကြောင်း အကောင်းအဆိုး တွေ.ဆုံကြုံကွဲဓမ္မတာဘဲမို.
ဝမ်းနည်းဝမ်းသာ အခက်အခဲကြုံတိုင်းနှစ်သိမ့်ပေးခဲ့တဲ့သူကို မေ့ဖို.ဆိုတာ
တွေးကြည့်ဖို.တောင် မကောင်းတဲ့အရာပါ
ထာဝရအမှတ်ရလျက် သိမ်းထားမဲ့အရာတွေထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်
တစ်နှစ်တာ သံယောဇဉ်ဆိုတာ............
ဆိုင်သူသိစေ ချမ်းမြေ.နိုင်ပါစေ

Friday, February 26, 2010

ဒီအိမ်မက်လေး ပြန်မက်ချင်တယ်..................

အဖေကြီးကပြုံးလို.
အမေကြီးကပျော်လို. အေးချမ်းတဲ့မိသားစုလေး
ရောင့်ရဲတက်တယ် လိုအပ်ချက်နည်းတယ်
ကျမကိုအဖေကြီးကချီလို.
ကျုံးကြီးတပတ်လမ်းလျှောက်ခဲ့တဲ့ညနေခင်းတွေ
မဟာမြတ်မုနိဘုရားကြီးထိလမ်းလျှောက်ပြီး
မန်းတောင်ခြေမှာ အကြော်သွားစားခဲ့တဲ့ညနေခင်းတွေ
ထုံးဖြူဖြူဘုရားဝန်းထဲက ခရေပန်းကောက်ခဲ့လို.
ပျော်ခဲ့ရတဲ့ ကျမရဲ.ငယ်ဘ၀ညနေခင်းတွေ
နန်းတွင်းထဲဝင်ပြီး လွတ်လပ်စွာဆော့ခွင်ရခဲ့တဲ့
ချစ်စရာကလေးဘ၀ ညနေခင်းတွေ
ကံကြမ္မာလှိုင်းကပုတ် ဟိုးအမြင့်ဆုံးသို. ........
အသည်းတအေးအေးနဲ. တက်သွားခဲ့တဲ့မိသားစုလှေငယ်လေး
ရာထူးတွေတက်တယ် ပိုင်ဆိုင်မှု.တွေရှိလာတယ်
ထို.အတူ သားသမီးတွေပွားလာတယ်
လိုအပ်ချက်တွေများလာတယ် လောဘတွေလည်းရှိလာခဲ့တယ်
ကျုံးကြီးကိုညနေတိုင်းကားပတ်မောင်းပေးတဲ့ အဖေ့ဘေးမှာ
မောင်လေးနဲ.အတူလိုက်စီးနိုင်ခဲ့တယ်
အိမ်မှာတီဗီရောက်လာတယ် အောက်စက် ရေခဲသေတ္တာ....
ကျမအတွက် ဂျပန်စက်ဘီးအသစ်ကလေးလဲရခဲ့တယ်
ကံကြမ္မာလှိုင်းကပုတ်လို. ပြန်အကျ
တလိမ့်လိမ့် တစစနဲ.လှိုင်းဒဏ်ကိုခံကြရပြန်တယ်
လှေလေးမမှောက်သွားအောင် ထိန်းတက်ဖို.လိုအပ်တယ်
ကံကြမ္မာလှိုင်းကတော့ ဒီလိုဘဲ ပုတ်လိုက် ပြန်ကျလိုက်နဲ.ရှိနေမှာပါဘဲ
လှေငယ်လေး တခုလုံး
စုံးစုံးမြုပ်ပြီး ရေအောက်ရောက်မသွားဖို.ကတော့
လှေပေါ်မှာပါဝင်တဲ့မိသားစုဝင်တွေရဲ.
စည်းလုံးညီညွှတ်မှု.နဲ. စိတ်ဓာတ်ခိုင်မာမှု.ဘဲလိုအပ်ပါတယ်။ ။

Tuesday, February 23, 2010

ရောက်တက်ရာရာ..............

ဒီနေ. မနက်ခင်းလေးက သိပ်ကိုသာယာတယ်
မြူတွေက ပတ်ဝန်းကျင်ကိုပိတ်နေတော့ အေးစိမ့်စိမ့်လေးဖြစ်နေတာပေါ့
စိတ်ကတော့ နေ.လည်ပူဦးမယ်လို.တွေးမိတယ်
ညကတော့ အိမ်မက်တွေမကောင်းဘူး..ဒါပေမယ့် လန်းလန်းဆန်းဆန်းလေးနိုးလာလို.တော်သေးတယ်
အိမ်မက်ကလည်း သူ.အမျိုးတွေလိုက်ရိုက်လို.ထွက်ပြေးရတယ်တဲ့ အဟက်ဟက်
ပတ်ဝန်းကျင်ကလည်းတယောက်မှအကောင်းမပြောဘူးတဲ့လေ
အဲ့ဒီ အိမ်မက်မျိုးမက်တာ နှစ်ခါ သုံးခါလောက်တော့ရှိပြီ....မပြောရက်လို.မပြောပြခဲ့မိပါဘူး
ခုတလောသူလည်း ဘာတွေဖြစ်နေတယ် မသိပါဘူး
တွေ.လိုက်တိုင်းအဆင်မပြေမှု.တွေဘဲကြုံနေရတယ်
မနက်ကငါးလေးတွေကို အစာကျွေးရင်းအတွေးတခုတွေးမိတယ်
သူတိုလို.အေးအေးချမ်းချမ်းအပူအပင်မရှိ ကူးခတ်နေရရင်ဘယ်လောက်ကောင်းမလဲလို.
မဖြစ်ပါဘူး လူဆိုတာမျိုးကလည်း အကန်.အသတ်ဘောင်ထဲမှာနေရင်ရုန်းထွက်ချင်ကြတာကြီးဘဲလေ
ကန်ဆိုတဲ့ဘောင်ထဲမှာပျော်တဲ့ငါးလေးတွေရှိသလို သမုဒ္ဒရာဆိုတဲ့ပင်လယ်ပြင်ကြီးထဲမှာပျော်တဲ့ငါးလေးတွေလည်းရှိတာဘဲလေ
ကန်ထဲကငါးလည်းတွေလည်းပျော်ချင်မှပျော်မှာပါလေ ပျော်ရာမှာမနေတော်ရာမှာနေနေကြရတာနေမှာပေါ့
သူတို.ကိုအစာကျွေးဖို.လူအရိပ်ကျလာရင် ကန်မျက်နှာပြင်ကိုပြုံပြီးတက်လာကြတယ်လေ
မနက်တိုင်း အဲ့လိုမြင်ကွင်းလေးက စိတ်ကိုကြည့်နူးစေတယ်
တခါတခါ အိမ်ရှေ့ဝရံတာမှာ ဌက်ကလေးတွေလာနားရင်ဆန်တွေပုံးထဲကသွားနှိုက်ပြီးကျွေးရတာလဲ ပီတိတမျိုးဘဲ အမေကတော့မကြိုက်ဘူး အိမ်ပွလိုတဲ့လေ မနက်ပိုင်းအိမ်ခေါင်မိုးထက်ကပန်းပင်တွေကိုရေသွားလောင်းရတာလည်း ပျော်ရွှင်မှု.တမျိုးကိုရစေတယ်
တခါတလေများ ပန်းပွင့်နေတာတွေ.ရင်ပျော်လိုက်တာ ပြောမနေနဲ.တော့။ တန်းကျောင်းတက်တုန်းကတော့ ပန်းပွင့်ပြီဆိုတာနဲ. သေချာလေးခူး ပလပ်စတစ်အိပ်ကလေးကိုလေမှုတ်သွင်းပြီး ပန်းလေးကိုထည့်ပြီး ဆရာမကို ပန်းသွားသွားပေးတာအမှတ်ရသေးတယ်...အဲ့ဒီနေ.ဆရာမခေါင်းမှာ ကိုယ်ပေးတဲ့ပန်းလေးပန်ထားပြီးစာသင်နေတာတွေ.ရင် စာသင်လို.ကောင်းမှကောင်း...မှတ်မိသေးတယ် တရက်ပေါ့ ဆရာမကိုပန်းပေးပြီးပြန်အလာ သူငယ်ချင်းတယောက်ကရန်လာစတယ် ဟဲ့နင်ဆရာမကို ပန်းပေးပေးနေတာ ဆရာမအမှတ်ပိုပေးအောင်ဖားနေတာမို.လားတဲ့..အဟက်ဟက် ရီလိုက်ချင်တယ်....လို.ပြန်ပြောလိုက်တယ် နင်ပေးချင်ရင်ဝယ်ပေးရမှာလို. ငါပေးတာကငါတို.အိမ်မှာကိုယ်တိုင်စိုက်လို. ပွင့်တဲ့ပန်းကိုငါပေးတာလို. ဘာဖြစ်လဲ မကျေနပ်ရင်လဲသေလိုက်ပါလားလို. ကလေးပီပီ ပြန်ပြောမိတယ်....ခုတော့ လူကြီးတွေဖြစ်ကုန်ကြပြီဆိုတော့ အဲ့တုန်းကအဖြစ်အပျက်လေးက ရီရခက်ငိုရခက်အမှတ်တရလေးပေါ့ သူငယ်ချင်းလည်းပန်းပေးတိုင်းအမှတ်ပိုမရဘူးဆိုတာ သိလောက်တဲ့အရွယ်ရောက်နေလောက်ပြီပေါ့ ကိုယ်တိုင်လည်း ကိုယ်တိုင်လုပ်အားနဲ.ရတဲ့ပစ္စည်းကိုပိုတန်းဖို.ထားတက်မှန်းသိသထက်သိလာခဲ့ပြီလေ အရာအားလုံးကတော့ သင်္ခါရတရားတွေချည်းပါဘဲလေ ..ခုဆိုအိမ်အပေါ်ထပ်ကပန်းတွေပွင့်တဲ့ပန်းခြံလေးလည်းမရှိတော့ဘူး...ကျမ 10တန်းဘော်ဒါတစ်နှစ်သွားနေတော့ ရေမှန်မှန်လောင်းမဲ့သူမရှိလို.သေတဲ့အပင်ကသေ သူများတွေတောင်းလို.ပေးလိုက်တာနဲ. အားလုံးကုန်သွားပြီလေ...ဒီလိုပါဘဲလေ အားလုံးဟာပျောက်ဆုံးသွားလိုက် အသစ်ပြန်ဖြစ်လိုက်နဲ. သံသရာလည်နေတာပါ ငါးလေးတွေကိုကြည့်ရင်းသူတို.ကော ဒီကန်ဆိုတဲ့ဘောင်ထဲမှာပျော်ကြပါ့မလားလို.တွေးနေမိတယ်
ကျမဆို ဘောင်အတွင်းမျာနေခဲ့ရတာလေ ကြာပေါ့..တခါတလေ သိပ်မွန်းကျပ်တယ် တခါတလေတော့လည်း စည်းကမ်းရှိတယ်လို.ပြောရမှာပေါ့ သူငယ်ချင်းတယောက်ကပြောတယ်နင်ဘောင်အပြင်ဘက်ကိုမရောက်ဖူးဘူးဆိုရင်တောင် အပြင်နဲ.အတွင်းကြားကနေရာလေးကိုသွားကြည့်ပါလားပိုပျော်ဖို.ကောင်းတယ်တဲ့ သူပို.ပေးမယ်တဲ့လေ ပြောတဲ့သူကယောကျာ်းလေးပါ ငါအပျော်ရှာနေတာမှမဟုတ်တာဟာ တခါတလေ လွတ်လွတ်လပ်လပ်လေးနေကြည့်ချင်တာပါလို. ....ဒီလိုရေးလို. ကျမကိုစိုးရိမ်ပေးတက်တဲ့တယောက်သောသူက ပူပန်နေမှာမြင်ယောင်နေသေးတယ် အဟက်ဟက်.....မပူပါနဲ.ရှင်ရယ် ကျမကိုယ်ကျမသိပါတယ်။အပြင်မှာလည်းအပူချိန်ဘယ်လောက်ရှိနေပြီလဲ မသိဘူး...အဲ့ယားကွန်းဖွင့်ထားတာတောင်ယပ်တောင်ခပ်နေသလောက်ဘဲရှိတယ် ခဏနေ ညီမလေးကျောင်းကိုသွားကြိုရဦးမယ် သူကအတန်းတင်စာမေးပွဲဖြေနေတာ ဒီနေ.နောက်ဆုံးလေ..မမလာကြိုပေးပါတဲ့ သေချာမှာလိုက်တော့လည်းသွားကြိုရမှာပေါ့။ဒိနေ.ပြီးရင် သူတို.နွေရာသီကျောင်းပိတ်ရက်ရောက်ပြီလေ ကျမတုန်းကဆိုရင်နွေကျောင်းပိတ်ရက်ကိုသိပ်ရောက်ချင်တာ။နွေကျောင်းပိတ်ရက်ရောက်ပြီလို.လဲဆိုရော ကျောင်းပြန်တက်ချင်ပြန်ရော သူငယ်ချင်းတွေနဲ.ခွဲရမှာစိုးလို.လေ...အင်း...စာရိုက်နေတာနဲ.ညီမလေးကိုကျောင်းကြိုချိန်တောင်နီးပေါ့။သူတို.ကျောင်းကလည်းကားတွေလူတေါ ကလေးမိဘတွေနဲ.ရှုတ်ရှက်ခတ်နေတာ ကြိုရောက်ထားကာမှတော်ကာကျမယ်.......။။။

Monday, February 22, 2010

ရေတဗွက်မျှ လူ.ဘ၀......


ဘ၀ဆိုတာ တကယ်တော့ ခရီးကတိုတိုလေးရယ်ပါ
ရခဲ့လှတဲ့လူ.ဘ၀မှာ မပျော်ဘဲ လွယ်လွယ်လေးနဲ.ပြန်ထွက်မသွားချင်ကြပါနဲ.
မနေ.က အဖြစ်ပျက်လေးတခုကြုံခဲ့တယ်
မျက်စိရှေ့တင်ပါ တော်တော်လေးလဲ သံဝေဂရမိတယ်..
ကလေးလေးတယောက် အလွန်ဆုံးရှိလှမှ 10နှစ် 12နှစ်ပေါ့
သူလေးလဲ အိမ်ကအမေခိုင်းလို.ဈေးလာဝယ်တယ်ထင်တယ်
အချိုမှုန်.တထုတ် ကြက်သွန်နီ50သား ဆီ...စာရင်းစာရွက်လေးကိုင်ပြီး အဒေါ်ကြီးကိုလိုချင်တဲ့ ပစ္စည်းတွေရွက်ပြနေတယ်
ကျမနဲ.သူငယ်ချင်းလည်း သူလေးဝယ်ပြီးမှဝယ်တော့မယ်ဆိုပြီး ခဏရပ်စောင့်နေတာပေါ့
တကယ့်ပီဘိကလေးလေးပါ ချစ်ဖို.ကောင်းလိုက်တာလို.စိတ်ထဲမှာတွေးမိသေးတယ်
သူငယ်ချင်းကတောင် နောက်နေသေးတယ် နင်ကလေးမွေးရင်ဒီလိုကလေးလေးမွေးတဲ့
ဖြူဖြူဖွေးဖွေးနဲ.အပြစ်ကင်းစင်တဲ့မျက်နှာလေးက အနာဂတ်အတွက်ကြယ်ပွင့်လေးလိုတောက်ပနေတယ်
ဖျက်ခနဲ. အဖြစ်အပျက်ကမြန်လွန်းလို. ကိုယ့်ကိုကိုယ်တောင်မယုံနိုင်ဘူး......
သူလေးဝယ်ပြီးလို. ကျမနဲ.သူငယ်ချင်းလည်းလိုချင်တာရှိမရှိမေးနေတုန်း
ကျွီ......ဒုန်း ဆိုတဲ့အသံကြီးအဆုံး လူတွေရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်
ဟာ....သွားပြီ တကယ်ပါ လူဆိုတာလိပ်ပြာတောင်လွင့်သွားသလား မှတ်ရတယ်
နှလုံးတခုလုံးကအပြင်ကိုခုန်ပေါက်ထွက်ချင်လာ သလို တုန်ခါနေတယ်
သွေးအိုင်ထဲမှာ ကြည့်ရက်စရာတောင်မရှိတဲ့ ခုနကကလေးလေး........
အားး..... ဖြစ်မှဖြစ်ရလေ ကလေးရယ် ဘယ်ဘ၀ဘယ်လိုအတိတ်ကံတွေပါလာပါလိမ့်
ကျမလည်းဆက်မကြည့်ရဲတာနဲ. သူငယ်ချင်းလက်ဆွဲပြီး မြန်မြန်ပြေးထွက်လာခဲ့တယ်
ကျူရှင်ရောက်တော့ လူကရင်တုန်လို.မပြီးသေးဘူး ဆရာကတော့သမီးရရဲ.လားတဲ့
အိမ်ပြန်ပြီးနားရင်နားလိုက်လို.ပြောပါတယ် သူငယ်ချင်းလည်းမျက်နှာမကောင်းဘူး
ဟားးးးး....ကိုယ့်ထက်ကံဆိုးတဲ့လူတွေအများကြီးပါလား ဒီလိုဘဲဖြေရမှာပေါ့
တနေကုန် အဲ့ဒီမြင်ကွင်းက ခဏခဏပြန်ပြန်မြင်နေတယ် အာရုံထဲမှာ သူမျက်နှာလေးဘဲပေါ်ပေါ်လာတယ်
စိတ်ကိုလွဲတယ် သူငယ်ချင်းတွေနဲ. ရီစရာတွေပြောတယ် စာထဲမှာစိတ်နှစ်ထားတယ်
မရပါဘူး စိတ်ကလွတ်သွားတာနဲ. အဲ့ဒီမြင်ကွင်းဘဲပြန်ပြန်ပေါ်လာတယ်
ဟူးးး ...ဆိုးလိုက်တာနော် တကယ်ဆိုမနက်အစောကြီးမှာ မဖြစ်သင့်ဆုံးမမြင်သင့်ဆုံမကြားသင့်ဆုံးဖြစ်ရပ်ပေါ့
အခက်အခဲတွေကိုကြံ.ကြံ.ခံပြီး ရခဲတဲ့လူ.ဘ၀မှာ ပျော်ပျော်နေသွားကြရအောင်..။ ။

Thursday, February 4, 2010

လက်ရှိ........

ပျင်းရိခြင်းတွေက ကိုယ်ပေါ်မှာရောစိတ်ထဲမှာပါ
ခွာချဖို.မလွယ် ကပ်ငြိနေကြတယ်
တွက်စရာပုစ္ဆာက ဆယ်ပုဒ်အထက်မှာရှိနေတယ်
လေ့ကျင့်စရာတွေက တစ်လစာအကြွေးတင်နေပြီ
ဒီနေ.တင်သွားစရာကိစ္စနှစ်ခုရှိတယ်
တာဝန်တွေက ခေါင်းမမော့နိုင်အာင်ဖိထားတယ်
ဖုန်တွေလည်းမသုတ်ဖြစ်တာကြာပေါ့
ဆွမ်းတော်နဲ.သောက်တော်ရေမှန်မှန်ကပ်ဖို.ကြိုးစားနေပါတယ်
တယ်လီဖုန်းတွေမှာ ကြိုးမပါတော့ဘူး
ကင်မရာမှာ ဖလင်မပါတော့ဘူး
တစ်ယောက်နဲ.တယောက်ချစ်တာ
အချစ်မပါတော့ဘူး
လာမယ့်တနင်္လာနေ.မင်္ဂလာဆောင်တခုကဖိတ်ထားတယ်
မိဘသဘောတူပြီး အချစ်မပါတဲ့ပကာသနလူလိမ္မာလေးတွေရဲ.ပွဲတခု
သူငယ်ချင်းကလက်ဖွဲ.အတွက်ခေါင်းစားနေတယ်
ညညခြင်ထောင်ထဲမှာ သွေးလှုနေရတဲ့အဖြစ်
အဖြေရှာကြည့်တော့ အပေါက်ကတစ်လက်မ
ဒီညတော့ သည်အပေါက် သေချာပိတ်ဦးမှပါ
အိမ်အောက်ကအ၀င်ဝမှာ ကြော်ငြာတစ်စောင်
ခေါင်းပြတ်နေတဲ့ အလောင်းတစ်လောင်း
ပျောက်သူစုံစမ်းနိုင်တဲ့ ဖတ်မိတဲ့မှု.ခင်း(notice)တစ်စောင်
ကြားရတဲံသတင်းကမသက်သာ
ကော်နရှင်က နှစ်ရက်လောက်ဆက်တိုက်ကျမယ်တဲ့
အင်း....ကျူရှင်လခ ကျောင်းကားခ မုန်.ဖိုး
အပတ်စဉ်ဈေးဖိုး သတင်းစာ မီတာ ဖုန်းဘေ သန်.ရှင်းခွန် ရေခွန်........
လကုန်ပြန်ပေါ့ 2010ရဲ.ပထမဆုံးလ ဈေးဦးပေါက်ပြီလေ
အငယ်ဆုံးညီမလေးက မုန်.ဖိုးပိုလိုချင်တယ်တဲ့
သူလည်းအမှီလိုက်နေပုံရတယ်
အလတ်က Scoll တရံလောက်ဝယ်ပေးဖို.ပူဆာထားတယ်
အဟက်ဟက်....အိမ်ရှင်မကြီးလေ..ချွေတာရေးလုပ်ရမယ်
ကြီးတော်က ဗိုက်ထဲကဘာဆိုလားဘဲ စစ်ဖို.ဆိုပြီး
ခဏအနားရသွားတယ်....
ကြက်သားမှုန်.ကြုံရင်ထည့်ပေးလိုက်ပါဦးတဲ့လေ
တခါတလေ တိုက်ဆိုင်မှုဆိုတာဟာ
ပန်းချီဆရာရဲ. စုတ်ချက်တွေလိုဘဲ
ကြိုတင်တွေးထားရတဲ့ ကြံစည်မှု.တွေပါ
မနက်ဖြန်မနက်တော့ ပဲပြုတ်လေးစောစောထ၀ယ်ဦးမှပါ။ ။