RSS

Pages

Tuesday, February 23, 2010

ရောက်တက်ရာရာ..............

ဒီနေ. မနက်ခင်းလေးက သိပ်ကိုသာယာတယ်
မြူတွေက ပတ်ဝန်းကျင်ကိုပိတ်နေတော့ အေးစိမ့်စိမ့်လေးဖြစ်နေတာပေါ့
စိတ်ကတော့ နေ.လည်ပူဦးမယ်လို.တွေးမိတယ်
ညကတော့ အိမ်မက်တွေမကောင်းဘူး..ဒါပေမယ့် လန်းလန်းဆန်းဆန်းလေးနိုးလာလို.တော်သေးတယ်
အိမ်မက်ကလည်း သူ.အမျိုးတွေလိုက်ရိုက်လို.ထွက်ပြေးရတယ်တဲ့ အဟက်ဟက်
ပတ်ဝန်းကျင်ကလည်းတယောက်မှအကောင်းမပြောဘူးတဲ့လေ
အဲ့ဒီ အိမ်မက်မျိုးမက်တာ နှစ်ခါ သုံးခါလောက်တော့ရှိပြီ....မပြောရက်လို.မပြောပြခဲ့မိပါဘူး
ခုတလောသူလည်း ဘာတွေဖြစ်နေတယ် မသိပါဘူး
တွေ.လိုက်တိုင်းအဆင်မပြေမှု.တွေဘဲကြုံနေရတယ်
မနက်ကငါးလေးတွေကို အစာကျွေးရင်းအတွေးတခုတွေးမိတယ်
သူတိုလို.အေးအေးချမ်းချမ်းအပူအပင်မရှိ ကူးခတ်နေရရင်ဘယ်လောက်ကောင်းမလဲလို.
မဖြစ်ပါဘူး လူဆိုတာမျိုးကလည်း အကန်.အသတ်ဘောင်ထဲမှာနေရင်ရုန်းထွက်ချင်ကြတာကြီးဘဲလေ
ကန်ဆိုတဲ့ဘောင်ထဲမှာပျော်တဲ့ငါးလေးတွေရှိသလို သမုဒ္ဒရာဆိုတဲ့ပင်လယ်ပြင်ကြီးထဲမှာပျော်တဲ့ငါးလေးတွေလည်းရှိတာဘဲလေ
ကန်ထဲကငါးလည်းတွေလည်းပျော်ချင်မှပျော်မှာပါလေ ပျော်ရာမှာမနေတော်ရာမှာနေနေကြရတာနေမှာပေါ့
သူတို.ကိုအစာကျွေးဖို.လူအရိပ်ကျလာရင် ကန်မျက်နှာပြင်ကိုပြုံပြီးတက်လာကြတယ်လေ
မနက်တိုင်း အဲ့လိုမြင်ကွင်းလေးက စိတ်ကိုကြည့်နူးစေတယ်
တခါတခါ အိမ်ရှေ့ဝရံတာမှာ ဌက်ကလေးတွေလာနားရင်ဆန်တွေပုံးထဲကသွားနှိုက်ပြီးကျွေးရတာလဲ ပီတိတမျိုးဘဲ အမေကတော့မကြိုက်ဘူး အိမ်ပွလိုတဲ့လေ မနက်ပိုင်းအိမ်ခေါင်မိုးထက်ကပန်းပင်တွေကိုရေသွားလောင်းရတာလည်း ပျော်ရွှင်မှု.တမျိုးကိုရစေတယ်
တခါတလေများ ပန်းပွင့်နေတာတွေ.ရင်ပျော်လိုက်တာ ပြောမနေနဲ.တော့။ တန်းကျောင်းတက်တုန်းကတော့ ပန်းပွင့်ပြီဆိုတာနဲ. သေချာလေးခူး ပလပ်စတစ်အိပ်ကလေးကိုလေမှုတ်သွင်းပြီး ပန်းလေးကိုထည့်ပြီး ဆရာမကို ပန်းသွားသွားပေးတာအမှတ်ရသေးတယ်...အဲ့ဒီနေ.ဆရာမခေါင်းမှာ ကိုယ်ပေးတဲ့ပန်းလေးပန်ထားပြီးစာသင်နေတာတွေ.ရင် စာသင်လို.ကောင်းမှကောင်း...မှတ်မိသေးတယ် တရက်ပေါ့ ဆရာမကိုပန်းပေးပြီးပြန်အလာ သူငယ်ချင်းတယောက်ကရန်လာစတယ် ဟဲ့နင်ဆရာမကို ပန်းပေးပေးနေတာ ဆရာမအမှတ်ပိုပေးအောင်ဖားနေတာမို.လားတဲ့..အဟက်ဟက် ရီလိုက်ချင်တယ်....လို.ပြန်ပြောလိုက်တယ် နင်ပေးချင်ရင်ဝယ်ပေးရမှာလို. ငါပေးတာကငါတို.အိမ်မှာကိုယ်တိုင်စိုက်လို. ပွင့်တဲ့ပန်းကိုငါပေးတာလို. ဘာဖြစ်လဲ မကျေနပ်ရင်လဲသေလိုက်ပါလားလို. ကလေးပီပီ ပြန်ပြောမိတယ်....ခုတော့ လူကြီးတွေဖြစ်ကုန်ကြပြီဆိုတော့ အဲ့တုန်းကအဖြစ်အပျက်လေးက ရီရခက်ငိုရခက်အမှတ်တရလေးပေါ့ သူငယ်ချင်းလည်းပန်းပေးတိုင်းအမှတ်ပိုမရဘူးဆိုတာ သိလောက်တဲ့အရွယ်ရောက်နေလောက်ပြီပေါ့ ကိုယ်တိုင်လည်း ကိုယ်တိုင်လုပ်အားနဲ.ရတဲ့ပစ္စည်းကိုပိုတန်းဖို.ထားတက်မှန်းသိသထက်သိလာခဲ့ပြီလေ အရာအားလုံးကတော့ သင်္ခါရတရားတွေချည်းပါဘဲလေ ..ခုဆိုအိမ်အပေါ်ထပ်ကပန်းတွေပွင့်တဲ့ပန်းခြံလေးလည်းမရှိတော့ဘူး...ကျမ 10တန်းဘော်ဒါတစ်နှစ်သွားနေတော့ ရေမှန်မှန်လောင်းမဲ့သူမရှိလို.သေတဲ့အပင်ကသေ သူများတွေတောင်းလို.ပေးလိုက်တာနဲ. အားလုံးကုန်သွားပြီလေ...ဒီလိုပါဘဲလေ အားလုံးဟာပျောက်ဆုံးသွားလိုက် အသစ်ပြန်ဖြစ်လိုက်နဲ. သံသရာလည်နေတာပါ ငါးလေးတွေကိုကြည့်ရင်းသူတို.ကော ဒီကန်ဆိုတဲ့ဘောင်ထဲမှာပျော်ကြပါ့မလားလို.တွေးနေမိတယ်
ကျမဆို ဘောင်အတွင်းမျာနေခဲ့ရတာလေ ကြာပေါ့..တခါတလေ သိပ်မွန်းကျပ်တယ် တခါတလေတော့လည်း စည်းကမ်းရှိတယ်လို.ပြောရမှာပေါ့ သူငယ်ချင်းတယောက်ကပြောတယ်နင်ဘောင်အပြင်ဘက်ကိုမရောက်ဖူးဘူးဆိုရင်တောင် အပြင်နဲ.အတွင်းကြားကနေရာလေးကိုသွားကြည့်ပါလားပိုပျော်ဖို.ကောင်းတယ်တဲ့ သူပို.ပေးမယ်တဲ့လေ ပြောတဲ့သူကယောကျာ်းလေးပါ ငါအပျော်ရှာနေတာမှမဟုတ်တာဟာ တခါတလေ လွတ်လွတ်လပ်လပ်လေးနေကြည့်ချင်တာပါလို. ....ဒီလိုရေးလို. ကျမကိုစိုးရိမ်ပေးတက်တဲ့တယောက်သောသူက ပူပန်နေမှာမြင်ယောင်နေသေးတယ် အဟက်ဟက်.....မပူပါနဲ.ရှင်ရယ် ကျမကိုယ်ကျမသိပါတယ်။အပြင်မှာလည်းအပူချိန်ဘယ်လောက်ရှိနေပြီလဲ မသိဘူး...အဲ့ယားကွန်းဖွင့်ထားတာတောင်ယပ်တောင်ခပ်နေသလောက်ဘဲရှိတယ် ခဏနေ ညီမလေးကျောင်းကိုသွားကြိုရဦးမယ် သူကအတန်းတင်စာမေးပွဲဖြေနေတာ ဒီနေ.နောက်ဆုံးလေ..မမလာကြိုပေးပါတဲ့ သေချာမှာလိုက်တော့လည်းသွားကြိုရမှာပေါ့။ဒိနေ.ပြီးရင် သူတို.နွေရာသီကျောင်းပိတ်ရက်ရောက်ပြီလေ ကျမတုန်းကဆိုရင်နွေကျောင်းပိတ်ရက်ကိုသိပ်ရောက်ချင်တာ။နွေကျောင်းပိတ်ရက်ရောက်ပြီလို.လဲဆိုရော ကျောင်းပြန်တက်ချင်ပြန်ရော သူငယ်ချင်းတွေနဲ.ခွဲရမှာစိုးလို.လေ...အင်း...စာရိုက်နေတာနဲ.ညီမလေးကိုကျောင်းကြိုချိန်တောင်နီးပေါ့။သူတို.ကျောင်းကလည်းကားတွေလူတေါ ကလေးမိဘတွေနဲ.ရှုတ်ရှက်ခတ်နေတာ ကြိုရောက်ထားကာမှတော်ကာကျမယ်.......။။။

0 comments:

Post a Comment