RSS

Pages

Tuesday, April 6, 2010

တပိုင်းတစခံစားချက်.....fwd မေးကရတာပါ

ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ

မပွင့်တပွင့် နှုတ်ခမ်းလေးက
'ကို' လို့ တစ်ခွန်း ခေါ်လိုက်တိုင်း မှာ
သံယောဇဉ် ဝက်အူက
ရင်ကို တစ်ရစ်တင်းတယ်။

ချစ်သူ့ နှုတ်ခမ်းဖျားမှာ
မုန်တိုင်းတစ်ခု ဖွဖွကလေး တိုက်ရင်တောင်
ငါက…နှလုံးသားတစ်ခုလုံး ဒေါင်ချာစိုင်းတဲ့ကောင်ပါ။

ပတ္တမြားသွေးနဲ့ 
ချစ်စရာနှုတ်ခမ်းလေးမှာ
စကားလုံးလေးတွေက တတွတ်တွတ်နဲ့ ပွင့်တယ်။
မာယာ သကြားတွေ ထည့်မထားတဲ့
စကားလုံး ရိုးရိုးလေးတွေက
ဘာကြောင့် ဒီလောက်ချိုနေရတာလဲ။
အဲဒီ့ စကားလုံးလေးတွေကိုပေါ့
ငါ…ဝိုင်အရက် ချက်ပြီး တညလုံးမူးခဲ့တာ။

မျက်လုံးခြင်း ဆုံလိုက်တဲ့ အခိုက်အတန့် မှာ
အကြင်နာမြစ်တစ်စင်းက ငါ့သွေးကြောထဲကို ဖြတ်စီး
ခဏလေး လက်သွားတဲ့ လျှပ်စီးရောင်အောက်မှာ
အသည်း သဏ္ဍန်တိမ်စိုင်လေးတစ်ခုကို
ဝိုးတဝါးနဲ့ တွေလိုက်ရတယ်။
ဒါ ချစ်ခြင်းရဲ့ နိမိတ်လား။

လမင်းရဲ့ ဆွဲငင်အားနဲ့ 
သံယောဇဉ် ဒီရေတွေတရိပ်ရိပ်တိုး
နှလုံးသား ဆည် ကျိုးတဲ့နေ့ ကပေါ့။

ဟန်တစ်ခွဲသားနဲ့ အဖြူရောင် တံတိုင်းကြီးလည်း
တိုးတိုးလာတဲ့ ချစ်ခြင်း တွေကို ထမ်းပိုးရင်းက
မနိုင်မနင်းနဲ့  သူ့ အလိုလို ပြိုကျ၊
ချစ်စကားတွေ ငါ့နှုတ်ခမ်းက အလုအယက် ခုန်ထွက်လာတုန်းကပေါ့။
စကားလုံးတွေ တစ်လုံးနဲ့ တစ်လုံး ခလုတ်တိုက်မိပြီး
ငါ့စကားတွေက ထစ်သွားလိုက်တာ။

နှစ်ယောက်စလုံးရဲ့ ရင်ခုန်သံတွေက
တိတ်ဆိတ်မှုကိုဖြို
ချစ်သူ့ မျက်နှာမှာ
ရှက်သွေးတွေစိုသွားတဲ့ခဏပေါ့။
ငါ…လမင်းနီနီကို ပထမဆုံးအကြိမ် မြင်လိုက်ရတယ်။

ကျေးဇူးပြုပြီး တိတ်ပေးကြပါ
ဝင်သက်ထွက်သက်တို့ ၊
ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ
နှင်းဆီ တစ်ပွင့်စီ အိပ်နေလို့ ။

Saturday, April 3, 2010

ဒီနေ.(3.4.2010)

တခါမှမတွေ.ဖူးခဲ့တဲ့.... ဧပရယ်မှာဆုံဖူးခဲ့တဲ့ အိမ်မက်ကိုပြန်တွေ.ခဲ့တယ်
မမျှော်လင့်ခဲ့ပါဘူး ဒိလောက်စောစောတွေ.ရမယ်လည်း မတွေးထားခဲ့မိဘူး
ဝမ်းနည်း ၀မ်းသာဖြစ်မိတယ်
ဘာရယ်ကြောင့်လည်းတော့ မမေးပါနဲ. အဖြေရှာဖို.ခက်လို.ပါ
တအားလည်းဝမ်းသာတယ်ပျော်တယ်
တအားလည်း ၀မ်းနည်းတယ် ငိုချင်တယ်
နွေမှာတွေ.ခဲ့တဲ့သံယောဇဉ် နွေမှာဘဲလက်တွေ.ဆန်ခဲ့တယ်
ဖြတ်ဖို.ခက်တဲ့သည်နွယ် ငါတွယ်ရစ်ခဲ့မိပြီ
တွေးလေ အဖြေမရလေ ငါတွေဝေတုန်းဘဲလေ
လွမ်းစရာတွေပေါတဲ့နွေ တွေးစရာတွေပေါတဲ့နွေ
သည်နွေ သတိရစရာတွေ သူအမှတ်ရကာဆွေးနေမလားပေါ့လေ
သူလည်းဘဲပုထုဇဉ်ဘဲလေ ခံစားတက်တဲ့နှလုံးသားပိုင်ဆိုင်ထားတယ်
အမြဲ စိမ်းရင်စိမ်းနီရင်နီနေတက်တဲ့ သူ.အကောင့်လေး ဘယ်တော့မှများပြန်တွေ.ရတော့လေမလဲ
နောက်တကြိမ်ဆိုတာ အခွင့်အရေးရှိရင်တော့ သူပြန်တက်လာမှာပေါ့လေ
ခုဆိုငါတယောက်ထဲ သူမရှိတဲ့အွန်လိုင်းမှာကျင်လည်နေရပြီ
တယောက်ယောက်အမြဲရှိနေခဲ့တဲ့နေရာမှာ မရှိတော့တဲ့အခါ
တခုခုအမြဲတွေ.နေကြနေရာမှာ မတွေ.ရတော့တဲ့အခါ
သံယောဇဉ်တွယ်မိသူတိုင်းခံစားရလေ့ရှိတဲ့ ၀မ်းနည်းဝမ်းသာမှု.မျိုးပါ
သူလည်းဘဲ သူ.ဘ၀နဲ.သူကျင်လည်ရပေလိမ့်မယ်
ကိုယ်လည်းဘဲ ကိုယ်ဘ၀နဲ.ကိုယ်လျှောက်လှမ်းရဦးမယ်
လက်တွေ.ဆန်ချင်ခဲ့တဲ့သူ လက်တွေ.ဖြစ်လာခဲ့ပါပြီ
ရှေ့ဆက်ပြီး အကျိုးအကြောင်း အကောင်းအဆိုး တွေ.ဆုံကြုံကွဲဓမ္မတာဘဲမို.
ဝမ်းနည်းဝမ်းသာ အခက်အခဲကြုံတိုင်းနှစ်သိမ့်ပေးခဲ့တဲ့သူကို မေ့ဖို.ဆိုတာ
တွေးကြည့်ဖို.တောင် မကောင်းတဲ့အရာပါ
ထာဝရအမှတ်ရလျက် သိမ်းထားမဲ့အရာတွေထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်
တစ်နှစ်တာ သံယောဇဉ်ဆိုတာ............
ဆိုင်သူသိစေ ချမ်းမြေ.နိုင်ပါစေ