RSS

Pages

Showing posts with label ချစ်သူ. Show all posts
Showing posts with label ချစ်သူ. Show all posts

Saturday, September 5, 2009

ချစ်သူ.....


ချစ်သူ
မင်းကအချစ်ကို လွယ်တယ်လို.ထင်လား
ဘ၀က မလွယ်တာသေချာတာပေါ့
ချစ်သူ
မင်းကအချစ်ကိုချိုမြိန်မယ်လို. ထင်လား
တခါတရံ သိပ်ခါးတက်တယ်လေ
ချစ်သူ
မင်းငါနဲ.အတူနေရရင်ပျှော်မယ် ထင်လား
မမြင်ရတဲ့ အခက်အခဲတွေအများကြီးနော်
ချစ်သူ
မင်းငါကို သိပ်တွေးပူတာဘဲလို. ထင်လား
ငါမြင်ရကြုံရတာတွေကနည်းမှ မနည်းဘဲလေ
ချစ်သူ
မင်းက အရာရာကိုရင်ဆိုင်ဝံ့တယ်လို.ပြောခဲ့တယ်နော်
ငါကတော့ အရာရာကိုကြောက်နေမိတယ်..............
ချစ်သူ
မင်းရဲ.နွေးထွေးတဲ့လက် တစုံနဲ.ငါ့ကိုထွေးပွေ.ထားပါ
ဒီလောက်ဆို ငါအရာရာကိုရင်ဆိုင်နိုင်မယ် ထင်ပါတယ်။ ။

Saturday, August 29, 2009

ချစ်သူ.........


ကြယ်တွေကြွေတဲ့ညမှာ
မင်းကိုတမ်းတမိတာ
ဗာဒံပင်အောက်မှာပေါ့ ။ . . .

အဝေးဆီက
ဆိတ်ဖလူးပန်းရနံ့တွေဟာ
လရောင်တန်းတွေကိုခိုစီးရင်း
အဖော်မစုံသူ ကိုယ့်ထံ
အလွမ်းတွေ လျှံစေခဲ့တယ်။ . . .

အဖော်ကွဲနေတဲ့ ငှက်ကလေးတစ်ကောင်
အိပ်တန်းတောင် မပျံနိုင်ရှာဘူး
နှင်းရည်စိုလက်
ဗာဒံရွက်တွေထဲ
မြတ်နိုးဖော်ကို ရှာနေတယ်ထင်ပါ့။

တစ်ခြမ်းပဲ့လမင်းလည်း
ငွေရောင်တွေကြဲပက်ဖို့
အိမ်ခေါင်မိုးထက်ကို ရောက်လာခဲ့ပြီလေ။ . . .

ဒီလိုညမျိုးမှာ
အိပ်စက်ခြင်းကို မေ့နေတဲ့ငါ
တွေးမိသမျှဟာ
မင်းအကြောင်းတွေချည်းပါပဲ။. . .