RSS

Pages

Saturday, August 29, 2009

ချစ်သူ.........


ကြယ်တွေကြွေတဲ့ညမှာ
မင်းကိုတမ်းတမိတာ
ဗာဒံပင်အောက်မှာပေါ့ ။ . . .

အဝေးဆီက
ဆိတ်ဖလူးပန်းရနံ့တွေဟာ
လရောင်တန်းတွေကိုခိုစီးရင်း
အဖော်မစုံသူ ကိုယ့်ထံ
အလွမ်းတွေ လျှံစေခဲ့တယ်။ . . .

အဖော်ကွဲနေတဲ့ ငှက်ကလေးတစ်ကောင်
အိပ်တန်းတောင် မပျံနိုင်ရှာဘူး
နှင်းရည်စိုလက်
ဗာဒံရွက်တွေထဲ
မြတ်နိုးဖော်ကို ရှာနေတယ်ထင်ပါ့။

တစ်ခြမ်းပဲ့လမင်းလည်း
ငွေရောင်တွေကြဲပက်ဖို့
အိမ်ခေါင်မိုးထက်ကို ရောက်လာခဲ့ပြီလေ။ . . .

ဒီလိုညမျိုးမှာ
အိပ်စက်ခြင်းကို မေ့နေတဲ့ငါ
တွေးမိသမျှဟာ
မင်းအကြောင်းတွေချည်းပါပဲ။. . .

2 comments:

Yu Ya said...

မင်းအကြောင်းတွေ တွေးနေတဲ့ကဗျာလေးကို ကျွန်တော် yu ya လာရောက် ဖတ်ရှုခံစားသွားပါတယ်။

yu ya

Unknown said...

ဆောင်းနှင်းအေးအေး
လွမ်းဆွေးနေတာ
ဖော်ကွဲငှက်လား....?
ဆောင်းနှင်းဖွေးဖွေး
လရောင်ဝေးတဲ့ညမှာ
အသင်ဆိတ်ဖလူးတို့
ကြွေချင်ကြွေကြစေ
ကြယ်ကြွေခွင့်မရှိစေရ......
နှင်းမှုန်ဝတ်ရုံကိုသာ
ှုငှက်ကလေးဆင်မြန်းခွင့်ရစေ......
အမိန့်တော်ချမှတ်လိုက်သည်၊

Post a Comment