RSS

Pages

Tuesday, August 4, 2009

ဘ၀၏လှည့်စားမှု...............

နေ.ပေါင်းများစွာကို
ငါ ခေါင်းမော့ရင်ကော့ခဲ့ဖူးပါရဲ......
အနှောင်အဖွဲ.တွေကို ရင်ဆိုင်
အားပြိုင်မှု.တွေကိုအံတု
သမုဒယတွေကိုကြံ.ကြံ.ခံ
မာန်ဖီသံကိုမွမွချေ
အာဂ....အာဂ....ငါပလေ..။

ဟော..ဟော....ဟော...
အပြောကြီးကြီးအဖီးခိုင်ခိုင်
(အခုတော့)
လူမချိုင်ဘဲ ပဲ့ကြွေပေါ့.....။
မငေါ့ပါနဲ. လောကဓံရယ်
လျှပ်စီးလက်တာ မြန်လွန်းလို.ပါကွယ်..။

အဖြူထဲကို အဖြူရောတာ
(အင်း.............)
ဒါလည်း(မြင်တက်ရင်တော့)
စွန်းထင်းမှု.တစ်ခုပေပဲ......။

ဘယ်ပြေးမလို.လဲ
ဆွတ်ဆွတ်ဖွေးဖွေး လိပ်ပြာလေးရေ
သံယောဇဉ် မကုန်သေးရင်
နင်...ငါနဲ.အလွမ်းကို
နှစ်ယောက်တည်းမထားခဲ့ပါနဲ.နော်.......။ ။

1 comments:

Nge Naing said...

အနှစ်သာရရှိတဲ့ ကဗျာလေးပါပဲ။

Post a Comment