RSS

Pages

Sunday, August 23, 2009

စိတ်ဓာတ်ခွန်အား.........


Life is a winding road...
ဘ၀ဆိုတာ ကောက်ကောက်ကွေ.ကွေ.
လမ်းကလေးနဲ. တူတယ်တဲ့။
အမြဲတမ်း သာယာဖြောင့်ဖြူးနေဖို.ဆိုတာ
မဖြစ်နိုင်တဲ့ ကိစ္စပဲ။
အင်းလေ..ဟုတ်သားဘဲနော့
ကိစ္စ အတော်များများဟာ
အဆင်ပြေလိုက် မပြေလိုက်
စိတ်ညစ်လိုက် စိတ်ပျှော်လိုက်
ဒုက္ခတွေ.လိုက် သုခတွေ.လိုက်နဲ.
တစ်ခုပြီးတစ်ခု
ဖြစ်ပျက်ပြီးဆုံးသွားတာပဲ....
ဒီတော့
အဆင်မပြေတဲ့အခါ
ဘ၀ဆိုတာ ဒီလိုပါလားလို.
ခံစားနားလည်ပြီ
တရားနဲ. ဖြေကြရအောင်။

ကျမ ဘွားဘွား ကပြောခဲ့တယ်....
ကြေကွဲ ၀မ်းနည်းစရာတွေနဲ.
ရင်ဆိုင်တွေ.ကြုံတဲ့အခါမှာ
မတုန်လှုပ်ပါနဲ.ကွယ်..တဲ့
ဘ၀ခရီးလမ်းဆိုတာ
ပန်းခင်းလမ်းမှ မဟုတ်တာ။
ဆူးခင်းလမ်းလို ကြမ်းတမ်းတတ်ပါတယ်။
အဲဒီခရီးလမ်းကိုသွားကြတဲ့ သူတိုင်း
ငိုလိုက် ရယ်လိုက်နဲ. သွားကြရတာပဲ မဟုတ်လား။
သမီးလည်း...
ငိုစရာရှိရင် ငို၊ပျှော်စရာရှိလည်း ပျှော်
ဘ၀ခရီးအဖော်တွေနဲ. လက်တွဲပြီး
ရဲရဲကြီး ဖြတ်ကျော်သွားစမ်း။
သောကတွေ ပွေ.ပိုက်ပြီး
စိတ်ပျက်ညည်းညူစွာနဲ.
ခရီးသွားနေသူမျိုး မဖြစ်ပါစေနဲ. ....တဲ့

ကျမ အကို ကလည်းပြောတယ်
ညီမ...လူဆိုတာဖြစ်ချင်တာဖြစ်ခွင့်ရှိတယ်
မသေမချင်း ဖြစ်ချင်တာတွေဖြစ်အောင်လုပ်လို.ရတယ်။
ဘာမှ အားငယ်စရာမလိုဘူး။
ကိုယ်က ငိုနေရင် ကိုယ့်ကိုကြည့်ပြီး ရီနေမယ့်
သူတွေအများကြီးဘဲတဲ့...

ဟုတ်တယ့်....ဘာကိုများဝမ်းနည်းတွေးပူနေမလဲ
အချိန်တန်တော့အားလုံး ပြီးသွားမှာဘဲ။
စွန်ဆိုတာ လေကိုဆန်တက်တယ်
လေနဲ.အတူ တက်တာမျိုးမဟုတ်ဖူး...
ကျမလဲ စွန်ကိုအတုယူပြီး
လေဆန်ကိုပဲ ဖြတ်သန်းအောင်မြင် အောင်သွားမယ်
အခက်အခဲတွေကို ကျော်ဖြတ်ပြီးသွားမယ်
သူများတွေနဲ.ရောပြီးမျောပြီး မလိုက်ဘူး။
လင်းလက်တောက်ပတဲ့ နေ.သစ်တွေရောက်ဖို.
အမှောင်ညကို ကျော်ဖြတ်ရသလို...
အောင်မြင်ပျှော်ရွှင်တဲ့ ဘ၀တခုရဖို.
ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ကျော်လွှားရမှာပေါ့.....

0 comments:

Post a Comment