RSS

Pages

Friday, August 28, 2009

ထာဝရ............


မရေရာမသေချာတဲ့လောကကြီးမှာ
သေချာရေရာတာတစ်ခုအနေနဲ့ 
မင်းငါ့နားမှာထာဝရနေပေးပါလား.......
ချစ်သူ..........
မင်းရဲ့ ကြင်နာမှုတွေ
မင်းရဲ့ ဂရုစိုက်မှုတွေ
မင်းရဲ့ ချစ်ခြင်းမေတ္တာတွေကြားမှာ
နေ့ စဉ်နဲ့ အမျှငါနစ်မွန်းနေခဲ့တယ်။
တစ်နေ့ တာရဲ့ ငါအပျော်ရွှင်ဆုံးအချိန်ဟာ
မင်းနဲ့ စကားပြောနေရတဲ့အချိန်
တစ်နေ့ တာရဲ့ အကြည့်နူးဆုံးအချိန်ဟာ
မင်းချစ်တယ်လို့ တိုးလျစွာပြောတဲ့အချိန်
ငါရင်ခုန်တဲ့အချိန်တိုင်းဟာ
မင်းလေးတစ်ယောက်ထဲအတွက်
မိုးနဲ့ မြေကိုသက်သေထားလို့ 
မင်းအတွက်သစ္စာဆိုပါရစေ
ငါအသက်ရှုသံတွေရပ်တန့် ရင်တောင်
ငါ့နှလုံးသားမှာမင်းတစ်ယောက်သာ
ထာဝရဖြစ်စေ.......။

1 comments:

Yu Ya said...

ကဗျာကောင်းလေး ဖတ်ရှုခံစားသွားပါတယ်။

yu ya

Post a Comment