RSS

Pages

Thursday, November 26, 2009

အမှန်တရား....


အနည်းလို အများစားတဲ့
လောကကြီးမှာ
အမည်းရောင်လူများစုက
အဖြူရောင်ကိုဆေးရောင်ခြယ်
ဒါဆိုရင်အမှန်တရားက
ဘယ်မှာလဲ။

ငါလူတွေကိုမမုန်းတတ်ပါဘူး
ငါမုန်းတာ သူတို့ရင်ထဲက
အညစ်အကြေးတွေပါ။

ငါလူတွေကို အထင်မသေးတတ်ပါဘူး
ငါအထင်သေးတာ သူတို့ရင်ထဲက
ကောက်ကျစ်လိမ်ညာမှုတွေ။

ငါလူတွေကို မကြောက်ပါဘူး
ငါကြောက်တာ သူတို.ရဲ.မဲညစ်တဲ့
စိတ်ဓာတ်တွေပါ။


ငါသူကိုပျော်ရွှင်စေချင်ခဲ့တာ ထာဝရပါ
ငါတကယ်ချစ်တာ သူ.ရင်ထဲက
ရိုးသားမှု.ကိုပါ
ယုံကြည်နေပါရစေ။ ။

Sunday, November 22, 2009

အကျည်းတန်နေ.


တံခါးတွေ တစ်ခြမ်းပိတ်လို.
ရယ်မောခြင်းတွေ အသံတိတ်လို.
မျှော်လင့်ခြင်းတွေ ရပ်တန်.ပုပ်သိုးလို.
စိုးရွံ.ခြင်းတွေ အဆုံးတိုင်တုန်ခါလို.
ခြောက်အိမ်မက်တွေ ရဲရဲစီးလို.။

ကျိုးပဲ့နေတဲ့နေ.ရက်တွေထဲ
ထိုးကျနေတဲ့အရိပ်တစ်ခုဟာ သည်းသည်းမည်းမည်း
အပေါ်ဝတ်ရှပ်အင်္ကျီလေးချုပ်ရိုးပြေလို.
အပေါစားတီရှပ်ကလေး အနားဖွာလို.
သားရေတုဖိနပ်ကလေးထပ်ဖျားလန်လို.။

အဖေက ပြန်မလာတော့ဘူး
ဘာလို.များအဖေက ကျမကိုချစ်ရဲ.သားနဲ.အကောင်းမမြင်ရတာလဲ
အမေက ဘယ်ကိုထွက်သွားတာလဲ
ကျမကနွေးထွေးမှု.ကိုလိုအပ်တဲ့ ကလေးတယောက်ဆိုတာ အမေ မသိခဲ့တာများလား
အဖျားကလည်းမပျောက်တော့ဘူးလား နှလုံးခုန်သံကရောပုံမှန်ဘဲလား
ရေဆာတယ် သောက်ချင်တာ....ရှုချင်တာမဟုတ်ဖူး
ရေခဲတွေ ရေတွေ..အဲဒီသစ်ရွက်တွေ ဘာလို.ခဏခဏရှုခိုင်းနေရတာလဲ

မြှောက်ထားလိုက်တဲ့လက်အစုံက လေထဲမှာ
အဝေးကိုထိတဲ့ မျက်ဝန်းအကြည့်ထဲ
ရှု.မျှော်ခင်းတွေ ကျိုးကြေလို.
ကျမ ကိုဘယ်သူမှမသနားကြဘူးလား
မဟုတ်ဖူး...မသနားနဲ.အဲဒီအကြည့်နဲ.မကြည့်ပါနဲ.
ကျမဟာ သနားခံသတ္တ၀ါတစကောင် မဟုတ်ဖူး
လိုအပ်နေတာ နွေးထွေးသန်.၇ှင်းတဲ့ မေတ္တာတွေပါ။

အနွေးဓာတ်ဆိုတာ ကြေးကြီးကြီးမှမိနိုင်သလား
အကြင်နာဆိုတာ ရွှေနဲ.အတိပြီးတဲ့သရဖူလား
အနမ်းဆိုတာ ပွင့်မလာသေးတဲ့ နှင်းဆီနက်တစ်ပွင့်လား
ပူမယ့်အရာဆို ကျမကိုဘာမှလာမပေးပါနဲ. ကြောက်လွန်းလို.ပါ။ ။

အဟက်ဟက်....


ဒီနေ. ကျမမွေးနေ.ပါ
မျက်စိနှစ်လုံးကို ၀မ်းနည်းစွာဖွင့်လို.
ခေါင်းဖီးဖို.မှန်ကိုကြည့်မိတဲ့အခါ
ပထမဆုံမြင်လိုက်ရတာက မို.အစ်နေတဲ့
မျက်လုံးတစ်စုံရယ်ပါ
ဒါဟာ ကျမမွေးနေ.ရဲ.ပထမဆုံးလက်ဆောင်လေလား
ညကတစ်ညလုံး ငိုခဲ့မိတယ်လေ
တဖွဖွချီးမွမ်းပြီး ပေးခဲ့တဲ့အကြင်နာတွေ မေတ္တာတွေက
အစစ်တွေပါ ထာဝရပါလို.ကျမသံသယ၀င်မိတာ မှားခဲ့တာလား
အလုပ်တွေများလို.မေ့နေကြတာ ထင်တယ်
ဘ၀ဆိုတာ ဒီလိုပါဘဲလို ဖြေရမှာပေါ့လေ
မွေးတော့လည်းတယောက်ထဲ သေတော့လည်းတယောက်ထဲရယ်တဲ့
အင်းလေ အားလုံးကိုယ့်ကိစ္စနဲ.ကိုယ်ပါ
ကိုယ့်မွေးနေ.ဘယ်သူမှအမှတ်မရတာလောက်ကတော့
ဘ၀အခက်အခဲတွေကြားမှာ စာမဖွဲ.လောက်ပါဘူးနော့
တယောက်ယောက်သာအမှတ်ရနေခဲ့မယ်ဆိုရင်
ငါဟာကမ္ဘာမှာကံအကောင်းဆုံး လူသားရယ်ပေါ့..အဟက်ဟက်။ ။

Friday, November 20, 2009

အခါလွန်မိုး...............


တိမ်တွေပြိုသောအခါ
တိမ်တွေငိုသောအခါ
တိမ်တွေကြွေသောအခါ
မိုးဖြစ်လာခဲ့တယ်.....
မိုးတွေစွေသောအခါ
မိုးတွေရွာသောအခါ
မိုးတွေခြိမ်းသောအခါ
သူနဲ.တွေ.ဖြစ်ခဲ့တယ်....
သူ.အသံကြားရသောအခါ
သူ.စိတ်ကိုမြင်လိုက်ရသောအခါ
သူ.အရိပ်ကိုခိုလှုံချင်မိသောအခါ
သူပျောက်ကွယ်သွားခဲ့တယ်....
တွေးမိတယ် ဆွေးမိတယ်
လွမ်းမိတယ် နှမျောမိတယ်
ဆုံနိုင်ခွင့် သည်အချိန်များ
ထာဝရထက် တရက်ပိုနိုင်ပါစေသား။ ။

Sunday, November 8, 2009

ပင်လယ်


ပင်လယ်မှာ မာယာရှိတယ်

ဒါပေမယ့်...သူမဖျားယောင်းတက်ပါဘူး။

ရာသီနဲ.သဘာဝကြားမှာ နူးညံ့၊ကြမ်းတမ်းခြင်းတွေနဲ.

ပင်လယ်ဟာ ထာဝရသစ္စာရှင်ပါ။

ဖွားဖက်တော် လှိုင်းတွေကလည်း ပြောကြတယ်

သူ.အကြောင်း ငါအသိဆုံးပါတဲ့။

ရုပ်ဆိုးတဲ့ည.....


အိပ်မပျှော်တဲ့လူတစ်ယောက်ရဲ.

ညတာဟာရှည်လွန်းလှပါတယ်

သန်းခေါင်ယံရဲ.ခြောက်ကပ်မှု.ဟာ

လူကို ထိတ်လန်.စေတယ်

ခံစားမှု.မပါတဲ့ လေစိမ်းတွေက

ညည်းတွားသံလိုပေါ်ထွက်နေတယ်

ရီသံလိုလိုကြားတဲ့အခိုက်မှာ

အရူးတယောက်ရဲ.ခံစားချက်ကိုနားလည်လာတယ်

နာရီသံ တချက်ချက်မြည်တိုင်း

တိတ်ဆိတ်မှု.က ပိုပြီးဆိုးမိုးလာပြန်တယ်

အမှောင်ဟာသူ.ရဲ.သားကောင်ကို

ထောင်ချောက်ထဲဝင်လာအောင်လှည့်စားမှုတွေသုံးခဲ့တယ်

ရီဝေေ၀နဲ.ခွက်ထဲကအရည်တွေကို

ခံစားချက်ပေါင်းများစွာနဲ.ကြည့်နေတဲ့

အရက်သမားတယောက်ရဲ.ညဟာလည်း အကျည်းတန်လှပေတယ်

အမေပျောက်လို. ငိုနေကြတဲ့

ကလေးတွေရဲ.သနားဖွယ်အဖြစ်ဟာလည်း

သန်းခေါင်ယံညရဲ.တေးတပုဒ်လို

အက်ကွဲစွာ ထွက်ပေါ်နေတယ်

သန်းခေါင်တက် ညဥ့်မနက်နိုင်ပါဘူးရယ်လို.

လူတချို.က တွေနေကြပြန်တယ်

ရုပ်ဆိုးတဲ့ ညရယ်ပေါ့လေ ။ ။

Saturday, November 7, 2009

စစ်ကိုင်း................


ရှေ့ပြေးအနေနဲ.
ဆည်းလည်းလေးတွေဆိုတဲ့သီချင်းကို
စနားဆင်ရပါတယ်။
ဝေ့ခနဲ
တိုက်လာသောလေရဲ.အအေးဓာတ်က
ခဏတာအပူမီးတွေငြိမ်းလို.
စိမ်းညို.ညို.တောင်တန်းနဲ.မြင်လေရာ
လက်အုပ်ချီခဲ့ရသော သင်္ကတများဝိုင်းရံဖွဲ.နွဲ.
ဘ၀ရဲ.အိုအေစစ်ဆိုတာ ဒါပါလားလို.
အုပ်ဆိုင်းဖွဲ.လာသောအတွေးများ
တဖွဲဖွဲရွာချ။
ကံကြမ္မာလို
အကွေ.အကောက် အတက်အဆင်းများလှသော လှေခါးထစ်များ
တထစ်..ပြီး....တထစ်
ခြေလှမ်းဖြင့်လိုက်မမှီနိုင်သော စိတ်ကူးများ
ရင်ပြင်တော်ပေါ် ကြိုနားနေပြီလား
အသိကိုခြားထားသော နံရံပါးလေးမှာ
သာမန်လူတစ်ယောက်ရဲ.
ဖျက်ခနဲမြင် ဖျက်ခနဲပျောက်ကိစ္စရပ်များ
ဒီဇာတ်မှာ
ကိုယ်တိုင်လည်း ဝေလေလေဖြစ်နေတုန်း
တချို.
လမ်းမဆုံးခင် ရွာတွေ.ခဲ့တယ်ဆိုလား
အချိန်မတန်ဘဲ အိမ်ပြန်ခဲ့ရတဲ့ခရီးမှာ
ကားက တံတားကိုဖြတ်ကျော်ခဲ့ပေမယ့်
စိတ်က တံတားကိုမကျော်နိုင်ခဲ့ဘူး။ ။
(ရေး-ချယ်ရီ)

Friday, November 6, 2009

မြစ်.............


အနာဂတ်အတွက် ထမ်းဆောင်ရမှ

မြစ်တစ်စင်းဟာ ရှင်သန်တာမို.

မြေသားပေါ်က ရေစီးကြောင်းမျိုးစုံကို

ရင်ထဲစုထည့် စီးဆင်းနေရပါတယ်။

အပျော့အမာတွေကို

နည်းပေါင်းစုံနဲ. တိုက်စားထုထွင်းပြီး

ကြီးပြင်းလာတဲ့မြစ်

သူ.ရဲ.အားမာန်ကို သက်သေပြဖို.ကမ်းပါးအချို. ပြိုကျပေးခဲ့ရတယ်လေ။

ဒါပေမယ့် မြစ်ဟာ

သစ္စာတရားကို မြတ်နိုးသူပီပီ

သူရထားသမျှ ပြန်လည်ပေးဆပ်ဖို.

တစ်ဖက်မှာလည်း သောင်ထွန်းပေးပါသေးတယ်။

ရေရှိမှ ရပ်တည်နိုင်တဲ့ ငါးတွေနဲ.

ဒိုက်သရော အပြစ်အနာအဆာများကိုလည်း

သူ.ရဲ.သွေးကြောထဲမှာ ခိုလှုံခွင့်ပေးသလို

သူငြင်းပယ်လိုသမျှကိုလည်း

လတာပြင်ပေါ် ပစ်တင်ထားခဲ့တတ်တယ်။

သူဟာ ရာသီမရွေး

သူကိုယ်သူ ရေစီးရေလာကောင်းစေဖို.(အမြဲတမ်း)

တိမ်တိုက်တွေကို မျှော်လင့်နေတက်တာဟာလည်း

ငယ်စဉ်ကတည်းက ပါလာတဲ့အကျင့်တစ်ခုပါပဲ။ ။



ဒါပေမယ့်.........


သစ္စာ ဆိုတဲ့ စကားကို
နားခါးလောက်အောင် ရေရွတ်မှာ မဟုတ်ဘူး။
အထပ်ထပ် အခါခါ ကတိတွေ ထားပြီးကာမှ
အမှား တစ်ခုကို စုံနင်း
ရှောင်ကွင်း ပြေးထွက်မယ့်လူ မဟုတ်ဘူး။
ရင်ထဲ ထည့်ပြီးလိုက်ပြီ ဆိုမှ
အားနည်းချက် ရှာပြီး လမ်းခွဲ
အသစ် တစ်ယောက် တွဲမယ့်လူ မဟုတ်ဘူး။
ဒါပေမယ့်.......
သူ မကြင်လို. မခင်တော့ရင်
သူ အသစ်မြင်လို. သစ္စာ မသိရင်
ဒီကလည်း အချစ်ကို ဦးညွှတ်
နွံတစ်ခုထဲ အနစ်ခံလို.
မေတ္တာကျွန် ဖြစ်နေမယ့်လူ မဟုတ်ဘူး။ ။

Tuesday, November 3, 2009

ရိုးမပေါ်ကလစိမ်းည.......


မြို.ပြနဲ.ဝေး
လူတွေနဲ.ဝေး
ငြိမ်းအေးချမ်းမြ ရိုးမပေါ်ကည။

ရက်ရက်စက်စက်သာတဲ့လ
မက်မက်စက်စက်စိမ်းမြ
အဲဒီည.......
ဟယ်လင်မင်းသမီး အရှုံးပေးရမယ်ထင်ရ။

သစ်ပင်ပေါ်မှာ....လ
သစ်ရွက်ပေါ်မှာ...လ
ပန်းပွင့်ပေါ်မှာ....လ
မြေပြင်ပေါ်မှာ....လ
ဒေါင်းမြီးကွက်ထက်လှ။

ငါ့ကို
နွေးထွေး မွှေးထုံချိုမြနေတဲ့
လစိမ်းရောင် နှုတ်ခမ်းလေးတစုံက
ရွရွကလေး..ဖွဖွကလေး
ပခုံးဦး နဖူးဆံစမျက်နှာ
ညင်ညင်သာသာနမ်းပွေ.
"နွေးခနဲ အတွေ."မှာ...ငါ
အရာရာကိုမေ့သွားတယ်...။ ။