RSS

Pages

Friday, November 6, 2009

မြစ်.............


အနာဂတ်အတွက် ထမ်းဆောင်ရမှ

မြစ်တစ်စင်းဟာ ရှင်သန်တာမို.

မြေသားပေါ်က ရေစီးကြောင်းမျိုးစုံကို

ရင်ထဲစုထည့် စီးဆင်းနေရပါတယ်။

အပျော့အမာတွေကို

နည်းပေါင်းစုံနဲ. တိုက်စားထုထွင်းပြီး

ကြီးပြင်းလာတဲ့မြစ်

သူ.ရဲ.အားမာန်ကို သက်သေပြဖို.ကမ်းပါးအချို. ပြိုကျပေးခဲ့ရတယ်လေ။

ဒါပေမယ့် မြစ်ဟာ

သစ္စာတရားကို မြတ်နိုးသူပီပီ

သူရထားသမျှ ပြန်လည်ပေးဆပ်ဖို.

တစ်ဖက်မှာလည်း သောင်ထွန်းပေးပါသေးတယ်။

ရေရှိမှ ရပ်တည်နိုင်တဲ့ ငါးတွေနဲ.

ဒိုက်သရော အပြစ်အနာအဆာများကိုလည်း

သူ.ရဲ.သွေးကြောထဲမှာ ခိုလှုံခွင့်ပေးသလို

သူငြင်းပယ်လိုသမျှကိုလည်း

လတာပြင်ပေါ် ပစ်တင်ထားခဲ့တတ်တယ်။

သူဟာ ရာသီမရွေး

သူကိုယ်သူ ရေစီးရေလာကောင်းစေဖို.(အမြဲတမ်း)

တိမ်တိုက်တွေကို မျှော်လင့်နေတက်တာဟာလည်း

ငယ်စဉ်ကတည်းက ပါလာတဲ့အကျင့်တစ်ခုပါပဲ။ ။



0 comments:

Post a Comment