RSS

Pages

Friday, November 6, 2009

ဒါပေမယ့်.........


သစ္စာ ဆိုတဲ့ စကားကို
နားခါးလောက်အောင် ရေရွတ်မှာ မဟုတ်ဘူး။
အထပ်ထပ် အခါခါ ကတိတွေ ထားပြီးကာမှ
အမှား တစ်ခုကို စုံနင်း
ရှောင်ကွင်း ပြေးထွက်မယ့်လူ မဟုတ်ဘူး။
ရင်ထဲ ထည့်ပြီးလိုက်ပြီ ဆိုမှ
အားနည်းချက် ရှာပြီး လမ်းခွဲ
အသစ် တစ်ယောက် တွဲမယ့်လူ မဟုတ်ဘူး။
ဒါပေမယ့်.......
သူ မကြင်လို. မခင်တော့ရင်
သူ အသစ်မြင်လို. သစ္စာ မသိရင်
ဒီကလည်း အချစ်ကို ဦးညွှတ်
နွံတစ်ခုထဲ အနစ်ခံလို.
မေတ္တာကျွန် ဖြစ်နေမယ့်လူ မဟုတ်ဘူး။ ။

0 comments:

Post a Comment