RSS

Pages

Thursday, November 26, 2009

အမှန်တရား....


အနည်းလို အများစားတဲ့
လောကကြီးမှာ
အမည်းရောင်လူများစုက
အဖြူရောင်ကိုဆေးရောင်ခြယ်
ဒါဆိုရင်အမှန်တရားက
ဘယ်မှာလဲ။

ငါလူတွေကိုမမုန်းတတ်ပါဘူး
ငါမုန်းတာ သူတို့ရင်ထဲက
အညစ်အကြေးတွေပါ။

ငါလူတွေကို အထင်မသေးတတ်ပါဘူး
ငါအထင်သေးတာ သူတို့ရင်ထဲက
ကောက်ကျစ်လိမ်ညာမှုတွေ။

ငါလူတွေကို မကြောက်ပါဘူး
ငါကြောက်တာ သူတို.ရဲ.မဲညစ်တဲ့
စိတ်ဓာတ်တွေပါ။


ငါသူကိုပျော်ရွှင်စေချင်ခဲ့တာ ထာဝရပါ
ငါတကယ်ချစ်တာ သူ.ရင်ထဲက
ရိုးသားမှု.ကိုပါ
ယုံကြည်နေပါရစေ။ ။

0 comments:

Post a Comment