RSS

Pages

Saturday, August 29, 2009

ချစ်သူ.........


ကြယ်တွေကြွေတဲ့ညမှာ
မင်းကိုတမ်းတမိတာ
ဗာဒံပင်အောက်မှာပေါ့ ။ . . .

အဝေးဆီက
ဆိတ်ဖလူးပန်းရနံ့တွေဟာ
လရောင်တန်းတွေကိုခိုစီးရင်း
အဖော်မစုံသူ ကိုယ့်ထံ
အလွမ်းတွေ လျှံစေခဲ့တယ်။ . . .

အဖော်ကွဲနေတဲ့ ငှက်ကလေးတစ်ကောင်
အိပ်တန်းတောင် မပျံနိုင်ရှာဘူး
နှင်းရည်စိုလက်
ဗာဒံရွက်တွေထဲ
မြတ်နိုးဖော်ကို ရှာနေတယ်ထင်ပါ့။

တစ်ခြမ်းပဲ့လမင်းလည်း
ငွေရောင်တွေကြဲပက်ဖို့
အိမ်ခေါင်မိုးထက်ကို ရောက်လာခဲ့ပြီလေ။ . . .

ဒီလိုညမျိုးမှာ
အိပ်စက်ခြင်းကို မေ့နေတဲ့ငါ
တွေးမိသမျှဟာ
မင်းအကြောင်းတွေချည်းပါပဲ။. . .

Friday, August 28, 2009

ထာဝရ............


မရေရာမသေချာတဲ့လောကကြီးမှာ
သေချာရေရာတာတစ်ခုအနေနဲ့ 
မင်းငါ့နားမှာထာဝရနေပေးပါလား.......
ချစ်သူ..........
မင်းရဲ့ ကြင်နာမှုတွေ
မင်းရဲ့ ဂရုစိုက်မှုတွေ
မင်းရဲ့ ချစ်ခြင်းမေတ္တာတွေကြားမှာ
နေ့ စဉ်နဲ့ အမျှငါနစ်မွန်းနေခဲ့တယ်။
တစ်နေ့ တာရဲ့ ငါအပျော်ရွှင်ဆုံးအချိန်ဟာ
မင်းနဲ့ စကားပြောနေရတဲ့အချိန်
တစ်နေ့ တာရဲ့ အကြည့်နူးဆုံးအချိန်ဟာ
မင်းချစ်တယ်လို့ တိုးလျစွာပြောတဲ့အချိန်
ငါရင်ခုန်တဲ့အချိန်တိုင်းဟာ
မင်းလေးတစ်ယောက်ထဲအတွက်
မိုးနဲ့ မြေကိုသက်သေထားလို့ 
မင်းအတွက်သစ္စာဆိုပါရစေ
ငါအသက်ရှုသံတွေရပ်တန့် ရင်တောင်
ငါ့နှလုံးသားမှာမင်းတစ်ယောက်သာ
ထာဝရဖြစ်စေ.......။

Sunday, August 23, 2009

စိတ်ဓာတ်ခွန်အား.........


Life is a winding road...
ဘ၀ဆိုတာ ကောက်ကောက်ကွေ.ကွေ.
လမ်းကလေးနဲ. တူတယ်တဲ့။
အမြဲတမ်း သာယာဖြောင့်ဖြူးနေဖို.ဆိုတာ
မဖြစ်နိုင်တဲ့ ကိစ္စပဲ။
အင်းလေ..ဟုတ်သားဘဲနော့
ကိစ္စ အတော်များများဟာ
အဆင်ပြေလိုက် မပြေလိုက်
စိတ်ညစ်လိုက် စိတ်ပျှော်လိုက်
ဒုက္ခတွေ.လိုက် သုခတွေ.လိုက်နဲ.
တစ်ခုပြီးတစ်ခု
ဖြစ်ပျက်ပြီးဆုံးသွားတာပဲ....
ဒီတော့
အဆင်မပြေတဲ့အခါ
ဘ၀ဆိုတာ ဒီလိုပါလားလို.
ခံစားနားလည်ပြီ
တရားနဲ. ဖြေကြရအောင်။

ကျမ ဘွားဘွား ကပြောခဲ့တယ်....
ကြေကွဲ ၀မ်းနည်းစရာတွေနဲ.
ရင်ဆိုင်တွေ.ကြုံတဲ့အခါမှာ
မတုန်လှုပ်ပါနဲ.ကွယ်..တဲ့
ဘ၀ခရီးလမ်းဆိုတာ
ပန်းခင်းလမ်းမှ မဟုတ်တာ။
ဆူးခင်းလမ်းလို ကြမ်းတမ်းတတ်ပါတယ်။
အဲဒီခရီးလမ်းကိုသွားကြတဲ့ သူတိုင်း
ငိုလိုက် ရယ်လိုက်နဲ. သွားကြရတာပဲ မဟုတ်လား။
သမီးလည်း...
ငိုစရာရှိရင် ငို၊ပျှော်စရာရှိလည်း ပျှော်
ဘ၀ခရီးအဖော်တွေနဲ. လက်တွဲပြီး
ရဲရဲကြီး ဖြတ်ကျော်သွားစမ်း။
သောကတွေ ပွေ.ပိုက်ပြီး
စိတ်ပျက်ညည်းညူစွာနဲ.
ခရီးသွားနေသူမျိုး မဖြစ်ပါစေနဲ. ....တဲ့

ကျမ အကို ကလည်းပြောတယ်
ညီမ...လူဆိုတာဖြစ်ချင်တာဖြစ်ခွင့်ရှိတယ်
မသေမချင်း ဖြစ်ချင်တာတွေဖြစ်အောင်လုပ်လို.ရတယ်။
ဘာမှ အားငယ်စရာမလိုဘူး။
ကိုယ်က ငိုနေရင် ကိုယ့်ကိုကြည့်ပြီး ရီနေမယ့်
သူတွေအများကြီးဘဲတဲ့...

ဟုတ်တယ့်....ဘာကိုများဝမ်းနည်းတွေးပူနေမလဲ
အချိန်တန်တော့အားလုံး ပြီးသွားမှာဘဲ။
စွန်ဆိုတာ လေကိုဆန်တက်တယ်
လေနဲ.အတူ တက်တာမျိုးမဟုတ်ဖူး...
ကျမလဲ စွန်ကိုအတုယူပြီး
လေဆန်ကိုပဲ ဖြတ်သန်းအောင်မြင် အောင်သွားမယ်
အခက်အခဲတွေကို ကျော်ဖြတ်ပြီးသွားမယ်
သူများတွေနဲ.ရောပြီးမျောပြီး မလိုက်ဘူး။
လင်းလက်တောက်ပတဲ့ နေ.သစ်တွေရောက်ဖို.
အမှောင်ညကို ကျော်ဖြတ်ရသလို...
အောင်မြင်ပျှော်ရွှင်တဲ့ ဘ၀တခုရဖို.
ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ကျော်လွှားရမှာပေါ့.....

Tuesday, August 18, 2009

အချစ်ဆိုတာ?



တခါတုန်းက ကောင်မလေးတယောက်ရှိသတဲ့
သူမဟာအများသူငါ မိန်းကလေးတွေလိုပါဘဲ ဘာမှမထူးခြားပါဘူး
ထူးခြားတာကတော့ သူမဘ၀ရဲ.ခံယူချက်ပါပဲ။
သူမဘ၀ဟာ ငယ်ငယ်ကထဲကနွေးထွေးတဲ့ မေတ္တာနဲ.မကြုံကြိုက်ခဲ့ရပါဘူး
သူမ ကိုနွေးထွေးမှု.ပေးတဲ့ လူတွေကိုလည်းဟန်ဆောင်နေကြတယ်လို.ဘဲမြင်ခဲ့တယ်လေ
အဲလိုမြင်ဖို.လဲ လုံလောက်တဲ့အတွေ. အကြုံတွေ သူမမှာကြုံတွေ.ခဲ့ဖူးတယ်လေ..
တနေ. သူမမလမ်းလျှောက်ထွက်လာခဲ့တယ်......
အဲဒီမှာ သူမဟာမမျှော်လင့်ဘဲ cupid ဆိုတဲ့နတ်သားလေးနဲ.တွေ.တယ်တဲ့။
cupid ကမေးတယ် မိန်းကလေး ဘာတွေများလိုချင်ပြီး ရှာဖွေဖို.ကြိုးစားနေလဲပေါ့။
သူမ ကဖြေတယ်....စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးနွေးထွေး ပြည့်စုံတဲ့ မိသားစုလေးတခုကို ပိုင်ဆိုင်ချင်ပါတယ်လို.။
အဲဒီမှာဘဲ cupid ကစဉ်းစားတယ်....ငါပေးနိုင်ပါ့မလားပေါ့
cupid ကသူ.ကိုမိန်းကလေး အထင်သေးမှာလဲ စိုးသေးတယ်။
ဒါနဲ.ဘဲ...ကောင်းပြီလေ...ဟိုးရှေ့မှာမြင်နေရတဲ့ အလင်းရောင်လေးတွေ.လားတဲ့...
အဲဒီကိုရောက်အောင်သွား အဲဒီမှာမိန်းကလေးလိုချင်တာတွေရလိမ့် ထင်တယ် လို.ပြောလိုက်တယ်
မိန်းကလေး ကအဲဒါဘာလဲလို.မေးတော့...cupid လေးက အဲဒါအချစ်လို.ခေါ်တယ်တဲ့။
အချစ်?....မိန်းကလေးစဉ်းစားတယ် သူမလိုချင်တာဘာလဲ? အချစ်လားလို.ပေါ့?
အချစ်ဆိုတာ သူမလိုချင်တာတွေနဲ. နာမ်ကွဲ အဓိပာယ်တူလား?
အချစ်ဆိုတာ သူမကိုပူလောင်စေမှာလား?
အချစ်ဆိုတာ သူမရှာနေတဲ့ အဖြေတခုလား?
အချစ်ဆိုတာ သူမရှာနေတဲ့ အဖြေလို.ပြောရင်...မှားနေပြီလို.ကန်.ကွက်မည့်သူတွေရှိသလား?
အချစ်ဆိုတာ သူမကြားဖူးခဲ့တဲ့ ခဏတာပျှော်ရွှင်မှု.မျိုးလား?
အချစ်ဆိုတာ ရယူခြင်း ပေးဆပ်ခြင်း ကိုခေါ်တာလား?
အချစ်ဆိုတာ ကိုရင်ဆိုင်ဖို.သူမမှာသတ္တိရှိရဲ.လား?
သူမ သွားသင့်......မသွားသင့်....အများကြီးစဉ်းစားရပါဦးမည်။
(ပုံပြင်လေး တပုဒ်ပါ)

ဘ၀ တစ်ကွေ.


တိကျပြတ်သားမှု. မရှိသရွေ. ပန်းတိုင်ကဝေးနေဦးမှာဘဲ တဲ့
ကျမ ပန်းတိုင်ကိုအရောက်သွားချင်ခဲ့တာလား
နွေးထွေးကြင်နာမှု.ကိုများ လိုချင်ခဲ့ပါသေးတယ် လို.ဆုတောင်းမိခဲ့သလား
စိတ်ဓာတ်ဆိုတာ ပြတ်သားမှတဲ့....လောကမှာဘယ်သူမှကြောက်စရာ မလိုဘူးတဲ့....ကိုယ့်အရည်အချင်းသာ အဓိကတဲ့
မှန်တာပေါ့....အရည်အချင်းရှိရင်ဘာမှကြောက်နေစရာမလိုဘူးလေ....
ပျော့ညံ့ ၀မ်းနည်းလွယ်တဲ့စိတ်ကို အမာကျောဆုံးဖြစ်အောင်တင်းထားရင်း လောကဓံရဲ. အတိုက်အခိုက်တွေကိုကြံ့ကြံ့ ခံနိုင်အောင်ကြိုးစားနေခဲ့တယ်
စိတ်ကူးယဉ် တက်တဲ့အရွယ်မှာ စိတ်လှုပ်ရှားတက်တဲ့ အရွယ်မှာ...စိတ်ကူးယဉ် ရင်ခုန်ခဲ့မိတာ အမှားလား
ဆုံစေခဲ့တဲ့ ဖူးစာကိုဘဲ အပြစ်လို.ဆိုရမလား....တွေ.ဖို.အကြောင်းဖန်ခဲ့တဲ့ကံကိုဘဲ အပြစ်ဖို.ရမှာလား
တကယ်တော့ အပြစ်တင်မဲ့တင် ကို.ဘာသာတင်ပါလား...ဘာလို.မဆီမဆိုင်တွေဆွဲထည့်တာလဲတဲ့
ဟုတ်သားဘဲ....ပူပင်သောကတွေများလွန်းလို. လွတ်ရာလွတ်ကြောင်းလေး ရှာခဲ့မိတာ ဟာ....ဒီလိုဖြစ်ဖို.ဖန်လာခဲ့တယ် ထင်ပါရဲ.
နွေးထွေးမှု.လိုအပ်တဲ့ အချိန်မှာ နွေးထွေးတဲ့ အသံနဲ.စကားတွေကိုကြားမိလို.သာယာမိတဲ့ သူသာ အပြစ်အရှိဆုံးသူဖြစ်မယ် ထင်တယ်
တိကျ ပြတ်သားရမယ်တဲ့....အရင်တုန်းကဆိုရင်တော့...အင်း..ရတယ်လေ ဘယ်လောက်ပြတ်သားရမလဲ ပြော မျက်ရည် ကျနေသည့်တိုင်အောင် တိခနဲဖြတ်နိုင်တဲ့ သူပါ
အော်....ဘယ်ဘ၀ကရေစက်ပါလိမ့်....ပန်းတိုင်ဆိုတာလည်း မိသားစုရေးကြောင့် ၀ိုးတ၀ါး...ရည်မှန်းချက်ဆိုလည်း မရေမရာ ဖြစ်နေချိန်မှာ
ခွန်အားရှိတဲ့ လက်တစုံကိုဆုပ်ကိုင်ထားချင်ခဲ့မိတာတော့ အပြစ်လို.မဆိုစေချင်ပါဘူး..
ရည်ရွယ်တဲ့ လမ်းက ဘယ်လောက်ဝေးဝေးကွယ်....ဒီခြေတလှမ်းနဲ.စတင်ဖို.သာလိုတယ်...ပထမဆုံးဒီ ခြေတလှမ်းဟာ နောက်ဆုံးတော့ ပန်းတိုင်ရောက်နိုင်မယ် တဲ့
ကြားဖူးတဲ့ သီချင်းလေးတပုဒ်ပါ....
ကျမက အမှောင်ကိုကြောက်တယ်....အေးစက်မာကျောတာကိုကြောက်တယ်...အပြစ်တင်သံကိုကြောက်တယ်....ဆဲဆိုရိုက်နှက်သံကိုကြောက်တယ်
နောက်ပြီး ၀မ်းနည်းတက်တာကိုလည်းကြောက်တယ်..မုန်းလည်းမုန်းတယ်...ဒါပေမယ် ၀မ်းနည်းမှု.တွေက ကျမဆီကိုဘဲ အရောက်လာနေကြများလား
ကျမ ကိုတကယ်ချစ်ခင်မြတ်နိုးမဲ့ သူရဲ.နွေးထွေးတဲ့အကြင်နာတွေနဲ. ဘ၀ကိုဝမ်းနည်းမှု.ကင်းစွာ ပန်းတိုင်ကိုအရောက်လှမ်းချင်ပါသေးတယ်................................

Monday, August 17, 2009

လူဘ၀၏အဓိပ္ပာယ်...........


ဌက်ကလေးတွေ ၊ တေးသီချွေရ်ု
လေဆန်မကြောက် ၊ ဒူးမထောက်ခဲ့
အံ့လောက်ဘွယ် ရာပါတကား။

ငါးကလေးတွေ ၊ တေးသီချွေရ်ု
ရေဆန်မကြောက် ၊ ဒူးမထောက်ခဲ့
အံ့လောက်ဘွယ် ရာပါတကား။

လေဆန် ရေဆန် ၊ လှိုင်းလေဟန်လည်း
အားမာန်ကိုယ်စီ ၊ ရှေ့သို.ချီလျက်
ညီညာ ပျံသန်း ၊ ကိုယ့်အစွမ်းဖြင့်
ရေလမ်း ဝေဟင် ၊ ခရီးနှင်ကာ
ကျင်လည်ကျက်စား ၊ ရုန်းကန်သွားနေ။

သူငယ်ချင်းအပေါင်းတို.ရေ.....
နားကာတွေဝေ ၊ ငိုက်မနေနဲ.
ရေမြေတောတောင် ၊ အလင်းရောင်ဖြန်.
လူ.ဘောင်တခု ၊ တည်ဆောက်မှု.အတွက်
လူတို.တာဝန် အသိမွန်ဖြင့်
ကျေပွန်ထမ်းရွက်ရမည် တကား။

Wednesday, August 12, 2009

သင်ဟာ တစ်စုံတစ်ယောက် အတွက် အရာရာတိုင်းဖြစ်နေနိုင်တယ်....

သင်ဟာ တစ်စုံတစ်ယေက်အတွက် အရာရာတိုင်းဖြစ်နေနိုင်တယ်

အခု ဒီစာကို ဖတ်နေတဲ့ အချိန်အတွင်းမှာပဲ-----------

တစ်စုံတစ်ယောက်ဟာ
သင့်ကြောင့် ဂုဏ်ယူရတယ်

တစ်စုံတစ်ယောက်ဟာ
သင့်အကြောင်းကို တွေးတောနေတယ်

တစ်စုံတစ်ယောက်ဟာ
သင့်ကို အရမ်းဂရုစိုက်တယ်

တစ်စုံတစ်ယောက်က
သင့်ကို သိပ်လွမ်းနေတယ်

တစ်စုံတစ်ယောက်က
သင်နဲ့ စကားတွေ ပြောချင်နေတယ်

တစ်စုံတစ်ယောက်က
သင်နဲ့အတူ ရှိနေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ကို ဘေးမတွေ့ဖို့ မျှော်လင့်နေတယ်

တစ်စုံတစ်ယောက်က
သင်ရဲ့ အထောက်အပံ့တွေကို
ကျေးဇူးတင်နေတယ်

တစ်စုံတစ်ယောက်ဟာ
သင့်ရဲ့လက်ကို ဆုပ်ကိုင်
ထားချင်နေတယ်

တစ်စုံတစ်ယောက်က
သင့်အတွက် အရာရာကို
အဆင်ပြေစေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ကို ပျော်ရွှင်စေချင်တယ်

တစ်စုံတစ်ယောက်က
သင်ဟာ သူတို့ကို ရှာဖွေတွေ့ရှိစေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့ အောင်မြင်မှုတွေကို
ကျင်းပပေးနေတယ်

တစ်စုံတစ်ယေက်က
သင့်ကို လက်ဆောင်တွေ
ပေးချင်နေတယ်

တစ်စုံတစ်ယောက်က
သင်ဟာ သူ့အတွက် လက်ဆောင်တစ်ခုပဲလို့
မှတ်ယူနေတယ်

တစ်စုံတစ်ယောက်က
သင်ဟာ သူ့အပေါ်မှာ မအေးစက်လွန်း မနွေးထွေးလွန်းဖို့
မျှော်လင့်နေတယ်

တစ်စုံတစ်ယောက်က
သင့်ကို ပွေ့ဖက်ချင်နေတယ်

တစ်စုံတစ်ယောက်က
သင့်ကို ချစ်နေတယ်

တစ်စုံတစ်ယောက်ဟာ
သူ့ကို လက်ဆောင်တစ်ခု
ပေးစေချင်နေတယ်

တစ်စုံတစ်ယောက်ဟာ
သင့်ရဲ့ အားသာချက်တွေကို အားကျနေတယ်

တစ်စုံတစ်ယောက်ဟာ
သင့်အကြောင်းတွေးပြီး ပြုံးနေတယ်

တစ်စုံတစ်ယောက်က
သင်ငိုကြွေးဖို့ ပခုံးတစ်စုံ
ဖြစ်ချင်နေတယ်

တစ်စုံတစ်ယောက်က
သင်နဲ့အတူ လျှောက်လည်ပြီး
ပျော်ပျော်ရွှင်ရွှ့င် နေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့ ကမ္ဘာကြီး ကိုစဉ်းစားနေတယ်

တစ်စုံတစ်ယေက်က
သင့်ကို ကာကွယ်ပေးချင်နေတယ်

တစ်စုံတစ်ယောက်က
သင့်ကို တစ်စုံတစ်ခု လုပ်ပေးချင်နေတယ်

တစ်စုံတစ်ယေက်က
သင့်ကို ခွင့်လွတ်စေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့ ခွင့်လွတ်မှုတွေကို
ကျေးဇူးတင်နေတယ်

တစ်စုံတစ်ယောက်ဟာ
သင့်နဲ့အတူ အတိတ်ကိုပြန်တွေးပြီး
ရယ်မောချင်နေတယ်

တစ်စုံတစ်ယောက်က
သင့်ကိုသတိရပြီး
သင့်ကို သူရှိတဲ့နေရာမှာ ရှိနေစေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့အချစ်ဟာ ချွင်းချက်မရှိဖြစ်တယ်ဆိုတာ
သိုလိုနေတယ်

တစ်စုံတစ်ယေက်က
သင့်ရဲ့ အကြံဥာဏ်တွေလို လေးစားတယ်

တစ်စုံတစ်ယောက်က
သူဟာသင့်ကို ဘယ်လောက်ဂရုစိုက်ကြောင်း
ပြောပြချင်နေတယ်

တစ်စုံတစ်ယေက်က
သင်နဲ့အတူ ရှေးဟောင်းရုပ်ရှင်ကားတွေကို
အတူကြည့်ချင်တယ်

တစ်စုံတစ်ယောက်က
သူ့ရဲ့ အိပ်မက်တွေကို သင်နဲ့အတူ ခံစားချင်တယ်

တစ်စုံတစ်ယောက်က
သင့်ကို သူ့ရင်ခွင်ထဲ ထည့်ထားချင်တယ်

တစ်စုံတစ်ယေက်ကတော့
သင့်ရင်ခွင်ထဲမှာ သူ့ကို ပွေ့ထားစေချင်တယ်

တစ်စုံတစ်ယေက်က
သင့်ရဲ့ စိတ်ဓါတ်ကို တန်းဘိုးထားတယ်

တစ်စုံတစ်ယေက်က
သင့်ကြောင့် အချိန်တွေကုန်တာကို
တားဆီးနိုင်ပါစေလို့
ဆုတောင်းနေတယ်

တစ်စုံတစ်ယေက်က
သင်နဲ့တွေ့ဖို့ စောင့်မနေချင်တော့ဘူး

တစ်စုံတစ်ယေက်က
သင်ဟာ သင်ဖြစ်နေတဲ့အတွက်ကြောင့်ကို
သင့်ကို ချစ်နေတယ်

တစ်စုံတစ်ယေက်က
သင့်ကြောင့် ခံစားနေရတယ်

တစ်စုံတစ်ယောက်က
သင့်ကို သတိရစေတဲ့ သီချင်းတစ်ပုဒ်ကို
နားဆင်နေတယ်

တစ်စုံတစ်ယောက်က
သူဟာ သင့်အတွက်အမြဲရှိနေကြောင်း
သင့်ကို သိစေချင်တယ်

တစ်စုံတစ်ယောက်က
သင်ဟာ သူ့ သူငယ်ချင်းဖြစ်နေလို့
ပျော်ရွှင် ၀မ်းသာနေတယ်

တစ်စုံတစ်ယောက်ဟာ
သင့် သူငယ်ချင်း ဖြစ်ချင်နေတယ်

တစ်စုံတစ်ယောက်ဟာ
သင့်အကြောင်းကို
ညလုံးပေါက် တွေးနေမိတယ်

တစ်စုံတစ်ယေက်ဟာ
သင့်ကြောင့် အသက်ရှင်နေတယ်

တစ်စုံတစ်ယေက်က
သင်ဟာ ဒါတွေကို သတိပြုမိဖို့
ဆုတောင်းနေတယ်

တစ်စုံတစ်ယေက်က
သင်ဟာ ပိုတော် ပိုကောင်းလာတယ်ဆိုတာ
သင့်ကို သိစေချင်နေတယ်

တစ်စုံတစ်ယေက်က
သင်ဟာ သူ့ရဲ့ စိတ်တူကိုယ်တူ ကြင်ဖော်ဖြစ်မယ်လို့
ယုံကြည်နေတယ်

တစ်စုံတစ်ယေက်က
သင့်အနားမှာ ရှိနေချင်တယ်

တစ်စုံတစ်ယေက်ဟာ
သင့်ရဲ့ စောင်မကြည့်ရှုမှုနဲ့ အကြံဥာဏ်တွေကို
လွမ်းဆွတ်နေတယ်

တစ်စုံတစ်ယေက်က
သင့်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့
အကြံဥာဏ်တွေကို တန်ဘိုးထားတယ်

တစ်စုံတစ်ယောက်က
သင့်အပေါ်မှာ သစ္စာရှိတယ်

တစ်စုံတစ်ယေက်ကဟာ
သင့်ကို အကြွင်းမဲ့ ယုံကြည်တယ်

တစ်စုံတစ်ယေက်က
ဒီစာကို သူ့ဆီပို့စေချင်နေတယ်

တစ်စုံတစ်ယေက်က
သင့်ရဲ့ ထောက်ပံ့မှုကို လိုအပ်နေတယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့ သစ္စာရှိမှုကို လိုအပ်နေတယ်

တစ်စုံတစ်ယေက်က
သင့်ကို သူငယ်ချင်းအဖြစ် ဆက်ရှိနေစေချင်တယ်

တစ်စုံတစ်ယေက်က
သင်ဒီစာကို ဖတ်နေချိန်မှာ ငိုကြွေးနေလိမ့်မယ်

သင့်မှာ အဲဒီ တစ်စုံတစ်ယေက် ရှိနေနိုင်သလို
သင်ကိုယ်တိုင်ကလည်း တစ်စုံတစ်ယေက် ဖြစ်နေနိုင်တယ်
သင်ဟာ တစ်စုံတစ်ယေက်အတွက် အရာရာတိုင်းဖြစ်နေနိုင်တယ်
အခု ဒီစာကို ဖတ်နေတဲ့ အချိန်အတွင်းမှာပဲ-----------တစ်စုံတစ်ယေက်က
သင်ဟာ ဒါတွေကို သတိပြုမိဖို့
ဆုတောင်းနေတယ်

တစ်စုံတစ်ယေက်က
သင်ဟာ ပိုတော် ပိုကောင်းလာတယ်ဆိုတာ
သင့်ကို သိစေချင်နေတယ်

တစ်စုံတစ်ယေက်က
သင်ဟာ သူ့ရဲ့ စိတ်တူကိုယ်တူ ကြင်ဖော်ဖြစ်မယ်လို့
ယုံကြည်နေတယ်

တစ်စုံတစ်ယေက်က
သင့်အနားမှာ ရှိနေချင်တယ်

တစ်စုံတစ်ယေက်ဟာ
သင့်ရဲ့ စောင်မကြည့်ရှုမှုနဲ့ အကြံဥာဏ်တွေကို
လွမ်းဆွတ်နေတယ်

တစ်စုံတစ်ယေက်က
သင့်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့
အကြံဥာဏ်တွေကို တန်ဘိုးထားတယ်

ကြည့်နူးပျှော်ရွှင်နိုင်ကြပါစေ.........
(from www.yiefamily.ning.com)

Saturday, August 8, 2009

ပင်လယ်ငိုပွဲ..................


မိုးတိမ်တွေ၊ ဝေးဝေးသို.လွင့်ပါး
တောင်တန်းတွေရဲ.ရှု.ခင်း၊ချစ်ခြင်းရဲ. အပြာရောင်
လှေကားထောင်ပြီးဆွတ်ခူးရ၊မြင့်လိုက်တာ
ကျွန်းတကျွန်းပေါ်က အလွမ်းမြီု.မှာ
အုန်းပင်တွေ သောင်ထွန်း
ဆားငန်ငန် ပင်လယ်ရေများ
ရေချိုရှားလိုက်တာ
မြို.ပြရဲ.အလွန်၊ကျွန်မ လွန်မဆွဲတက်ဘူး
အလွမ်းတွေ ရေတိမ်နစ်၊ကြိုးပမ်းပေးပါဦး
ကမ်းခြေရေ..............ဝေး။ ။

Friday, August 7, 2009

ပင်လယ်ပြာ........

နေမင်းရယ်သာ ပင်လယ်ပြာ
ပနံသင့်လှတာ

လေညှင်းရယ်လာ သူ.ထံမှာ
ရှု.ရ်ုမညီးပါ

လှိုင်းလေးရယ်မှာ ပြေးရ်ုလာ
စောင့်နေသူထံသာ

လှေဦးငယ်ခမျာ ပျှော်နေရှာ
မျောရ်ုသူ.အပေါ်မှာ

လောက ကိုသာ(ရ်ု)လှစေတာ
လှိုင်းရဲ.တေးသံသာ

သောင်ဖွေးဖွေးလဲ စောင့်ကြိုမှာ
ရင်းနှီးသူအလာ

လမင်းရယ်ဖြာ ပင်လယ်ပြာ
တည်ငြိမ်ရင့်ကျက်ကာ

အမှောင်ထုကိုခွာ ဖယ်ရှားကာ
မလျော့ဇွဲရယ်ပါ

ကြယ်လေးတွေမှာ အားကျရှာ
သူရဲ.အားမာန်မှာ

လေညှင်းကလည်း မနေပါ
ထူးရ်ုအားပေးလာ

သည်ကမ်း သည်သောင်
သည်အလှ သည်သဘာဝ
ကြည့်တက်သူသာ မြင်ရပါ၏

အတွေးများ.......

ဝလုံးတလုံး ရေးလို.သာ
လူသုံးယောက်ကို ပြတဲ့အခါ
ကဗျာဆရာက တွေးမိရှာ
လှပလွန်းတဲ့ လ၀န်းပါ။

သချာင်္ဆရာက တွေးပြန်ရာ
အဲဒါသုညပါ
တရားသမားက တမျိုးတွေး
ဘ၀သံသရာ စက်ဝိုင်းတဲ့လေး။

Tuesday, August 4, 2009

ဘ၀၏လှည့်စားမှု...............

နေ.ပေါင်းများစွာကို
ငါ ခေါင်းမော့ရင်ကော့ခဲ့ဖူးပါရဲ......
အနှောင်အဖွဲ.တွေကို ရင်ဆိုင်
အားပြိုင်မှု.တွေကိုအံတု
သမုဒယတွေကိုကြံ.ကြံ.ခံ
မာန်ဖီသံကိုမွမွချေ
အာဂ....အာဂ....ငါပလေ..။

ဟော..ဟော....ဟော...
အပြောကြီးကြီးအဖီးခိုင်ခိုင်
(အခုတော့)
လူမချိုင်ဘဲ ပဲ့ကြွေပေါ့.....။
မငေါ့ပါနဲ. လောကဓံရယ်
လျှပ်စီးလက်တာ မြန်လွန်းလို.ပါကွယ်..။

အဖြူထဲကို အဖြူရောတာ
(အင်း.............)
ဒါလည်း(မြင်တက်ရင်တော့)
စွန်းထင်းမှု.တစ်ခုပေပဲ......။

ဘယ်ပြေးမလို.လဲ
ဆွတ်ဆွတ်ဖွေးဖွေး လိပ်ပြာလေးရေ
သံယောဇဉ် မကုန်သေးရင်
နင်...ငါနဲ.အလွမ်းကို
နှစ်ယောက်တည်းမထားခဲ့ပါနဲ.နော်.......။ ။

မြို.ပြ.......ရှုတ်ထွေးခြင်း?.....လှပခြင်း?

ရှိုတ်မိတဲ့ လေဟာ
အသက်ရှုကြပ်တယ်
သောက်မိတဲ့ ရေက
ရင်ပူတယ်။
တစ်နေကုန် လမ်းသလားနေတဲ့ငါ့စိတ်များ
အိမ်ပြန်ရောက်ရင်
တစ်နေ.တာ လူ.အဖြစ်က
အခန်းထောင့်မှာ စုပုံထားတဲ့အမှိုက်တွေပဲ
ငါ့ကိုယ်ငါ စာလုံးပေါင်းကြည့်တယ်
ငါ့ကိုယ်ငါ ရေရွတ်ကြည့်တယ်
သဘောက
ကလေးတယောက် အလွယ်တကူ
မဖွင့်ဆိုနိုင်တဲ့ဝါကျ။

Monday, August 3, 2009

ကုမုဒြာ နဲ. အရက်ခွက်


လရောင်က
ကျွန်တော့်ကို ခိုးနမ်းပြီး
တိုးတိုးလေးတောင်းပန်တယ်
ခွင့်လွှတ်ပါဗျာ
ကုမုဒြာ မှတ်လို.တဲ့...........။

ကျွန်တော်က
ချစ်သူပါးလေးကို ခိုးနမ်းပြီး
တိုးတိုးလေးတောင်းပန်တယ်
ခွင့်လွှတ်ပါ အချစ်ရယ်
အရက်ခွက်မှတ်လို. ..........။
:P :P .......

ဦးဆွေးဆံမြည့် ၂၄ နာရီ


လုံးကြီးပေါက်လှ
ရန်ကုန် ညတွေ
နာလျက်နဲ. ရယ်(ရီ)ခဲ့ရတယ်
လတ်ပတ်နာရီ တစ်လုံးနဲ.
မသိဟန်ဆောင်သူတွေ
ကာလ၀န်ထုပ် အပေါ်ခွစီး...
အချိန်မသိတော့တဲ့
၂၄နာရီတွေက
ဦးဆွေးဆံမြည့်ငေးနေရတော့တယ်။

Saturday, August 1, 2009

လ နှင့် ည........

ပန်ချင်တဲ့စိတ်နဲ.
လရောင်ကိုမငေးမိဖို.
ကိုယ့်ကိုယ်ကို ဖြေတွေးရပေါင်းများပြီ။
အခုတော့ ညရယ်
မိတ္တူကူးဖို. အခွင့်အခါသင့်တုန်း
ကြယ်စုံအောင် မစောင့်နိုင်တော့ဘူး။

သူလည်းကျွန်မလိုခံစားနေရပါ့ မလား?
သူ.အလုပ်တွေနဲ. သူရှုတ်နေ မလား?
လရယ်..................
ကျွန်မပြောချင်တဲ့ စကားတွေကိုသူ.ဆီဆောင်ကြဉ်းပေးပါလား
သူသာဒီညကို ခံစားနေမယ်ဆိုရင်ပေါ့လေ။

ရင်းခဲ့ရသမျှ
ဒဏ်ရာလည်း အမြတ်ဖြစ်တယ်
ကျေနပ်တတ်ဖို.ပါပဲ
နက္ခတ်တွေ ပြုန်းတဲ့အထိ
ငါ့ကို မုန်းစမ်း။
စိုရင် စိုသလောက်
အဖိုးတန်တဲ့ မျက်ရည်ဖြစ်ဖို.
ငါ မငိုဖြစ်ခဲ့ဘူး။