RSS

Pages

Tuesday, August 4, 2009

မြို.ပြ.......ရှုတ်ထွေးခြင်း?.....လှပခြင်း?

ရှိုတ်မိတဲ့ လေဟာ
အသက်ရှုကြပ်တယ်
သောက်မိတဲ့ ရေက
ရင်ပူတယ်။
တစ်နေကုန် လမ်းသလားနေတဲ့ငါ့စိတ်များ
အိမ်ပြန်ရောက်ရင်
တစ်နေ.တာ လူ.အဖြစ်က
အခန်းထောင့်မှာ စုပုံထားတဲ့အမှိုက်တွေပဲ
ငါ့ကိုယ်ငါ စာလုံးပေါင်းကြည့်တယ်
ငါ့ကိုယ်ငါ ရေရွတ်ကြည့်တယ်
သဘောက
ကလေးတယောက် အလွယ်တကူ
မဖွင့်ဆိုနိုင်တဲ့ဝါကျ။

0 comments:

Post a Comment