RSS

Pages

Tuesday, August 18, 2009

ဘ၀ တစ်ကွေ.


တိကျပြတ်သားမှု. မရှိသရွေ. ပန်းတိုင်ကဝေးနေဦးမှာဘဲ တဲ့
ကျမ ပန်းတိုင်ကိုအရောက်သွားချင်ခဲ့တာလား
နွေးထွေးကြင်နာမှု.ကိုများ လိုချင်ခဲ့ပါသေးတယ် လို.ဆုတောင်းမိခဲ့သလား
စိတ်ဓာတ်ဆိုတာ ပြတ်သားမှတဲ့....လောကမှာဘယ်သူမှကြောက်စရာ မလိုဘူးတဲ့....ကိုယ့်အရည်အချင်းသာ အဓိကတဲ့
မှန်တာပေါ့....အရည်အချင်းရှိရင်ဘာမှကြောက်နေစရာမလိုဘူးလေ....
ပျော့ညံ့ ၀မ်းနည်းလွယ်တဲ့စိတ်ကို အမာကျောဆုံးဖြစ်အောင်တင်းထားရင်း လောကဓံရဲ. အတိုက်အခိုက်တွေကိုကြံ့ကြံ့ ခံနိုင်အောင်ကြိုးစားနေခဲ့တယ်
စိတ်ကူးယဉ် တက်တဲ့အရွယ်မှာ စိတ်လှုပ်ရှားတက်တဲ့ အရွယ်မှာ...စိတ်ကူးယဉ် ရင်ခုန်ခဲ့မိတာ အမှားလား
ဆုံစေခဲ့တဲ့ ဖူးစာကိုဘဲ အပြစ်လို.ဆိုရမလား....တွေ.ဖို.အကြောင်းဖန်ခဲ့တဲ့ကံကိုဘဲ အပြစ်ဖို.ရမှာလား
တကယ်တော့ အပြစ်တင်မဲ့တင် ကို.ဘာသာတင်ပါလား...ဘာလို.မဆီမဆိုင်တွေဆွဲထည့်တာလဲတဲ့
ဟုတ်သားဘဲ....ပူပင်သောကတွေများလွန်းလို. လွတ်ရာလွတ်ကြောင်းလေး ရှာခဲ့မိတာ ဟာ....ဒီလိုဖြစ်ဖို.ဖန်လာခဲ့တယ် ထင်ပါရဲ.
နွေးထွေးမှု.လိုအပ်တဲ့ အချိန်မှာ နွေးထွေးတဲ့ အသံနဲ.စကားတွေကိုကြားမိလို.သာယာမိတဲ့ သူသာ အပြစ်အရှိဆုံးသူဖြစ်မယ် ထင်တယ်
တိကျ ပြတ်သားရမယ်တဲ့....အရင်တုန်းကဆိုရင်တော့...အင်း..ရတယ်လေ ဘယ်လောက်ပြတ်သားရမလဲ ပြော မျက်ရည် ကျနေသည့်တိုင်အောင် တိခနဲဖြတ်နိုင်တဲ့ သူပါ
အော်....ဘယ်ဘ၀ကရေစက်ပါလိမ့်....ပန်းတိုင်ဆိုတာလည်း မိသားစုရေးကြောင့် ၀ိုးတ၀ါး...ရည်မှန်းချက်ဆိုလည်း မရေမရာ ဖြစ်နေချိန်မှာ
ခွန်အားရှိတဲ့ လက်တစုံကိုဆုပ်ကိုင်ထားချင်ခဲ့မိတာတော့ အပြစ်လို.မဆိုစေချင်ပါဘူး..
ရည်ရွယ်တဲ့ လမ်းက ဘယ်လောက်ဝေးဝေးကွယ်....ဒီခြေတလှမ်းနဲ.စတင်ဖို.သာလိုတယ်...ပထမဆုံးဒီ ခြေတလှမ်းဟာ နောက်ဆုံးတော့ ပန်းတိုင်ရောက်နိုင်မယ် တဲ့
ကြားဖူးတဲ့ သီချင်းလေးတပုဒ်ပါ....
ကျမက အမှောင်ကိုကြောက်တယ်....အေးစက်မာကျောတာကိုကြောက်တယ်...အပြစ်တင်သံကိုကြောက်တယ်....ဆဲဆိုရိုက်နှက်သံကိုကြောက်တယ်
နောက်ပြီး ၀မ်းနည်းတက်တာကိုလည်းကြောက်တယ်..မုန်းလည်းမုန်းတယ်...ဒါပေမယ် ၀မ်းနည်းမှု.တွေက ကျမဆီကိုဘဲ အရောက်လာနေကြများလား
ကျမ ကိုတကယ်ချစ်ခင်မြတ်နိုးမဲ့ သူရဲ.နွေးထွေးတဲ့အကြင်နာတွေနဲ. ဘ၀ကိုဝမ်းနည်းမှု.ကင်းစွာ ပန်းတိုင်ကိုအရောက်လှမ်းချင်ပါသေးတယ်................................

0 comments:

Post a Comment