RSS

Pages

Monday, February 22, 2010

ရေတဗွက်မျှ လူ.ဘ၀......


ဘ၀ဆိုတာ တကယ်တော့ ခရီးကတိုတိုလေးရယ်ပါ
ရခဲ့လှတဲ့လူ.ဘ၀မှာ မပျော်ဘဲ လွယ်လွယ်လေးနဲ.ပြန်ထွက်မသွားချင်ကြပါနဲ.
မနေ.က အဖြစ်ပျက်လေးတခုကြုံခဲ့တယ်
မျက်စိရှေ့တင်ပါ တော်တော်လေးလဲ သံဝေဂရမိတယ်..
ကလေးလေးတယောက် အလွန်ဆုံးရှိလှမှ 10နှစ် 12နှစ်ပေါ့
သူလေးလဲ အိမ်ကအမေခိုင်းလို.ဈေးလာဝယ်တယ်ထင်တယ်
အချိုမှုန်.တထုတ် ကြက်သွန်နီ50သား ဆီ...စာရင်းစာရွက်လေးကိုင်ပြီး အဒေါ်ကြီးကိုလိုချင်တဲ့ ပစ္စည်းတွေရွက်ပြနေတယ်
ကျမနဲ.သူငယ်ချင်းလည်း သူလေးဝယ်ပြီးမှဝယ်တော့မယ်ဆိုပြီး ခဏရပ်စောင့်နေတာပေါ့
တကယ့်ပီဘိကလေးလေးပါ ချစ်ဖို.ကောင်းလိုက်တာလို.စိတ်ထဲမှာတွေးမိသေးတယ်
သူငယ်ချင်းကတောင် နောက်နေသေးတယ် နင်ကလေးမွေးရင်ဒီလိုကလေးလေးမွေးတဲ့
ဖြူဖြူဖွေးဖွေးနဲ.အပြစ်ကင်းစင်တဲ့မျက်နှာလေးက အနာဂတ်အတွက်ကြယ်ပွင့်လေးလိုတောက်ပနေတယ်
ဖျက်ခနဲ. အဖြစ်အပျက်ကမြန်လွန်းလို. ကိုယ့်ကိုကိုယ်တောင်မယုံနိုင်ဘူး......
သူလေးဝယ်ပြီးလို. ကျမနဲ.သူငယ်ချင်းလည်းလိုချင်တာရှိမရှိမေးနေတုန်း
ကျွီ......ဒုန်း ဆိုတဲ့အသံကြီးအဆုံး လူတွေရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်
ဟာ....သွားပြီ တကယ်ပါ လူဆိုတာလိပ်ပြာတောင်လွင့်သွားသလား မှတ်ရတယ်
နှလုံးတခုလုံးကအပြင်ကိုခုန်ပေါက်ထွက်ချင်လာ သလို တုန်ခါနေတယ်
သွေးအိုင်ထဲမှာ ကြည့်ရက်စရာတောင်မရှိတဲ့ ခုနကကလေးလေး........
အားး..... ဖြစ်မှဖြစ်ရလေ ကလေးရယ် ဘယ်ဘ၀ဘယ်လိုအတိတ်ကံတွေပါလာပါလိမ့်
ကျမလည်းဆက်မကြည့်ရဲတာနဲ. သူငယ်ချင်းလက်ဆွဲပြီး မြန်မြန်ပြေးထွက်လာခဲ့တယ်
ကျူရှင်ရောက်တော့ လူကရင်တုန်လို.မပြီးသေးဘူး ဆရာကတော့သမီးရရဲ.လားတဲ့
အိမ်ပြန်ပြီးနားရင်နားလိုက်လို.ပြောပါတယ် သူငယ်ချင်းလည်းမျက်နှာမကောင်းဘူး
ဟားးးးး....ကိုယ့်ထက်ကံဆိုးတဲ့လူတွေအများကြီးပါလား ဒီလိုဘဲဖြေရမှာပေါ့
တနေကုန် အဲ့ဒီမြင်ကွင်းက ခဏခဏပြန်ပြန်မြင်နေတယ် အာရုံထဲမှာ သူမျက်နှာလေးဘဲပေါ်ပေါ်လာတယ်
စိတ်ကိုလွဲတယ် သူငယ်ချင်းတွေနဲ. ရီစရာတွေပြောတယ် စာထဲမှာစိတ်နှစ်ထားတယ်
မရပါဘူး စိတ်ကလွတ်သွားတာနဲ. အဲ့ဒီမြင်ကွင်းဘဲပြန်ပြန်ပေါ်လာတယ်
ဟူးးး ...ဆိုးလိုက်တာနော် တကယ်ဆိုမနက်အစောကြီးမှာ မဖြစ်သင့်ဆုံးမမြင်သင့်ဆုံမကြားသင့်ဆုံးဖြစ်ရပ်ပေါ့
အခက်အခဲတွေကိုကြံ.ကြံ.ခံပြီး ရခဲတဲ့လူ.ဘ၀မှာ ပျော်ပျော်နေသွားကြရအောင်..။ ။

0 comments:

Post a Comment