RSS

Pages

Friday, February 26, 2010

ဒီအိမ်မက်လေး ပြန်မက်ချင်တယ်..................

အဖေကြီးကပြုံးလို.
အမေကြီးကပျော်လို. အေးချမ်းတဲ့မိသားစုလေး
ရောင့်ရဲတက်တယ် လိုအပ်ချက်နည်းတယ်
ကျမကိုအဖေကြီးကချီလို.
ကျုံးကြီးတပတ်လမ်းလျှောက်ခဲ့တဲ့ညနေခင်းတွေ
မဟာမြတ်မုနိဘုရားကြီးထိလမ်းလျှောက်ပြီး
မန်းတောင်ခြေမှာ အကြော်သွားစားခဲ့တဲ့ညနေခင်းတွေ
ထုံးဖြူဖြူဘုရားဝန်းထဲက ခရေပန်းကောက်ခဲ့လို.
ပျော်ခဲ့ရတဲ့ ကျမရဲ.ငယ်ဘ၀ညနေခင်းတွေ
နန်းတွင်းထဲဝင်ပြီး လွတ်လပ်စွာဆော့ခွင်ရခဲ့တဲ့
ချစ်စရာကလေးဘ၀ ညနေခင်းတွေ
ကံကြမ္မာလှိုင်းကပုတ် ဟိုးအမြင့်ဆုံးသို. ........
အသည်းတအေးအေးနဲ. တက်သွားခဲ့တဲ့မိသားစုလှေငယ်လေး
ရာထူးတွေတက်တယ် ပိုင်ဆိုင်မှု.တွေရှိလာတယ်
ထို.အတူ သားသမီးတွေပွားလာတယ်
လိုအပ်ချက်တွေများလာတယ် လောဘတွေလည်းရှိလာခဲ့တယ်
ကျုံးကြီးကိုညနေတိုင်းကားပတ်မောင်းပေးတဲ့ အဖေ့ဘေးမှာ
မောင်လေးနဲ.အတူလိုက်စီးနိုင်ခဲ့တယ်
အိမ်မှာတီဗီရောက်လာတယ် အောက်စက် ရေခဲသေတ္တာ....
ကျမအတွက် ဂျပန်စက်ဘီးအသစ်ကလေးလဲရခဲ့တယ်
ကံကြမ္မာလှိုင်းကပုတ်လို. ပြန်အကျ
တလိမ့်လိမ့် တစစနဲ.လှိုင်းဒဏ်ကိုခံကြရပြန်တယ်
လှေလေးမမှောက်သွားအောင် ထိန်းတက်ဖို.လိုအပ်တယ်
ကံကြမ္မာလှိုင်းကတော့ ဒီလိုဘဲ ပုတ်လိုက် ပြန်ကျလိုက်နဲ.ရှိနေမှာပါဘဲ
လှေငယ်လေး တခုလုံး
စုံးစုံးမြုပ်ပြီး ရေအောက်ရောက်မသွားဖို.ကတော့
လှေပေါ်မှာပါဝင်တဲ့မိသားစုဝင်တွေရဲ.
စည်းလုံးညီညွှတ်မှု.နဲ. စိတ်ဓာတ်ခိုင်မာမှု.ဘဲလိုအပ်ပါတယ်။ ။

0 comments:

Post a Comment