RSS

Pages

Friday, October 2, 2009

အပြင်ထွက်တွေးကြည့်ခြင်း..........

မှားနေမှန်းသိရင် အမှန်ကိုပြင်ပေါ့
မဖြစ်နိုင်မှန်းသိရင် ရှေ့ဆက်မတိုးနဲ.ပေါ့
ပူမှန်းသိရင်မထိနဲ.ပေါ့
ဆူးမှန်းသိရင် မငြိစေနဲ.ပေါ့
ခါးမှန်းသိရင် မစားနဲ.ပေါ့
ကျားမှန်းသိရင် မကစားနဲ.ပေါ့
ဟုတ်တယ် သိခဲ့ပါတယ်
ကစားခဲ့တာလည်း မဟုတ်ပါဘူး
ငြိစေခဲ့တာလည်း မဟုတ်ပါဘူး
အမှန်ကိုပြင်ချင်တာပေါ့
ရှေ့ဆက်မတိုးဘဲနေချင်တာပေါ့
ဒါပေမယ့် ဒါပေမယ့်........
အသိစိတ်ရှိတဲ့ ဦးနှောက်ရဲ. ဆုံးဖြတ်ချက်ကို
အသိမဲ့တဲ့ နှလုံးသားကငြင်းဆန်နေခဲ့တယ်လေ
စဉ်းစားဆင်ခြင်တက်တဲ့ ဦးနှောက်ရဲ. သတိပေးချက်ကို
မျက်ကန်း နှလုံးသားက မျက်ကွယ်ပြုနေခဲ့တယ်လေ
ခံစားချက်ကို ဦးစားပေးတက်သူတယောက်ဟာ
လောကကြီးမှာ ရှုံးနိမ့်မှု.တွေကို ပိုင်ဆိုင်ရတက်တယ်တဲ့
ရှုံးနိမ့်ချင်တဲ့ လူသားထဲမှာမပါတာတော့ သေချာပါတယ်
အကြီးကြီးအောင်မြင်ချင်တဲ့ သူဟာ
အသေးအမွှားလေးတွေကို စွန်.လွှတ်ရဲတဲ့စိတ်ဓာတ်ရှိရတယ်တဲ့
ဘာလုပ်ရမလဲ
ဘာလုပ်သင့်သလဲ
ဘယ်လိုလုပ်ရမလဲ
ဘယ်လိုလုပ်သင့်လဲ.................
မေးခွန်းပေါင်းများစွာ အတွေးပေါင်းများစွာ။ ။

0 comments:

Post a Comment