RSS

Pages

Saturday, October 24, 2009

မိုး...............

မိုးကိုအရမ်းချစ်တဲ့ ကိုယ်
မိုးရွာရင်အရမ်းကြည်နူးတတ်တဲ့ ကိုယ်
မိုးနဲ့ပတ်သတ်ရင်
အမှတ်တရတွေ အသင်္ချေနဲ့ ကိုယ်
အခုတော့ ကိုယ့်ဘဝ
မိုးမရွာခဲ့တာ ကြာပါပြီ..။

ခြေရာတွေဖျောက်
တစ်သက်စာ အလွမ်းတွေနဲ့
နှုတ်မဆက်ဘဲ ပုန်းရှောင်သွားတဲ့မိုးကို
အပြစ်မယူရက်ခဲ့တာ
ချစ်လွန်းလို့ဆိုရင် ယုံပါ့မလားကွယ်..။

မိုးမရှိတဲ့ ကိုယ့်ညတွေဟာ
အေးစက်စက် ချောက်အက်အက်ပါပဲ
မိုးရွာတယ်ဆိုတာ
တကယ်တော့ တိမ်တွေငိုကြတာတဲ့
ကိုယ်ရင်ထဲမှာလည်း
တိမ်တွေလိုပါပဲ မိုးရယ်...။

ပြန်တွေ့ခွင့်ဆိုတာ
မရေရာပေမယ့် တောင့်တမိတယ်..
ဘယ်အချိန်မှာ ပြန်ဆုံမယ်ဆိုတာ
မသေချာပေမယ့် မျှော်လင့်မိတယ်..
ဒါပေမယ့် မိုးရယ်
ကြွေလွင့်သွားတဲ့ ကြယ်ကလေးအစား
လမင်းကြီးတောင် အစားမထိုးပါဘူး
ကိုယ်မမုန်းနိုင်သေးလို့ပါ...။

(ရေးသူ -ဇော်)

0 comments:

Post a Comment