RSS

Pages

Thursday, October 15, 2009

မင်္ဂလာပါ...........


ငါ့လက်ကိုငါ ဆုပ်ကိုင်ရင်း
အားတင်းထားလိုက်တယ်............
အတိတ်ရဲ့ ၀ါးမျိုမှုကို မခံချင်သလို
အနာဂါတ်ကိုလဲ ငါ မတော်လှန်ပါဘူး..
ပစ္စုပ္ပန်ရဲ့ စီးမျောမှုကိုပဲ
ငါ အားစိုက်ထားလိုက်တော့မယ်..
လာခဲ့ပါစေ ဘာတွေဖြစ်ဖြစ်
အချစ်... အမုန်း..
အနိုင်.. အရှုံး..
ပြကွက်တွေ ဟုန်းဟုန်းလွှင့်ကြွေ
မျက်ရည်တွေ ကျုံးဖြစ်ပါစေအုံး
ငါ မမှုပါဘူး
ငါ့လက်ကို ငါဆုပ်ကိုင်ရင်းနဲ့
ပစ္စုပ္ပန်ကို နှုတ်ခွန်းဆက်မယ်
မင်္ဂလာပါ..။

0 comments:

Post a Comment