RSS

Pages

Thursday, October 15, 2009

မင်္ဂလာပါ...........


ငါ့လက်ကိုငါ ဆုပ်ကိုင်ရင်း
အားတင်းထားလိုက်တယ်............
အတိတ်ရဲ့ ၀ါးမျိုမှုကို မခံချင်သလို
အနာဂါတ်ကိုလဲ ငါ မတော်လှန်ပါဘူး..
ပစ္စုပ္ပန်ရဲ့ စီးမျောမှုကိုပဲ
ငါ အားစိုက်ထားလိုက်တော့မယ်..
လာခဲ့ပါစေ ဘာတွေဖြစ်ဖြစ်
အချစ်... အမုန်း..
အနိုင်.. အရှုံး..
ပြကွက်တွေ ဟုန်းဟုန်းလွှင့်ကြွေ
မျက်ရည်တွေ ကျုံးဖြစ်ပါစေအုံး
ငါ မမှုပါဘူး
ငါ့လက်ကို ငါဆုပ်ကိုင်ရင်းနဲ့
ပစ္စုပ္ပန်ကို နှုတ်ခွန်းဆက်မယ်
မင်္ဂလာပါ..။

Wednesday, October 14, 2009

ယုံပါ................


မိုးကောင်းကင်ကို တံခါးခေါက်
ရောက်ချင်မှ ရောက်မယ်


တိမ်ပြာပြာကို ခဲနဲ.ပေါက်
ရောက်ချင်မှ ရောက်မယ်


မြင့်မိုရ်တောင်ဆီ ခြေလျင်လျှောက်
ရောက်ချင်မှ ရောက်မယ်

ဒါပေမယ့်...........
မင်းဆီကိုတော့ တနေ.တခေါက် (မက)
တို.စိတ်တွေ မှန်မှန်ရောက်တယ်
ယုံပါ အချစ်ရယ်။ ။

သက်တန်. နှင့် နေမင်း (ဘ၀ရဲ. အလှ နဲ. အလင်း)


မနေ.ကမိုးရွာပြီးတော့ ကောင်းကင်ကြီးကကြည်လင်နေတယ်
ပြာလွင်နေတဲ့ကောင်းကင်ကြီးပေါ်မှာ ကကြိုးသွယ်နေတဲ့
သက်တန်.ကြီးက ကမ္ဘာမြေကြီးကိုလွမ်းခြုံထားတယ်
ကမ္ဘာမြေကြီးကလည်း သက်တန်.ကြီးရဲ. အလှအောက်မှာ
ပိုမိုကြည်လင်တောက်ပနေခဲ့တယ်...........
သိပ်မကြာပါဘူး နေမင်းကြီးလဲထွက်လာရော
လှပတဲ့ သက်တန်.လည်းပျောက်ကွယ်သွားရတယ်
ဘ၀ဆိုတာလည်း ဒီလိုပါဘဲ...................

နေမင်းကြီးဘက်က စဉ်းစားကြည့်ရင်
ကိုယ်ကနွှေးထွေးမှု.တွေပေးချင်လို. ပေါ်ထွက်လာပေမယ့်
သူတပါးအတွက်တော့ ထိခိုက်နာကျင်မှု.တွေဖြစ်ပေါ်စေတက်တယ်
ကိုယ့်ကြောင့် တချို. တချို.တွေက ပျှော်ရွှင်ကြပြီး
ကိုယ့်ကြောင့် တချို. တချို.တွေက စိတ်ညစ်ကြတယ်
ကိုယ်က ကောင်းမယ်ထင်ပေမယ့် သူများတွေအတွက်ဆိုးသွားတာတွေရှိတယ
ကိုယ်က မရည်ရွယ်ပေမယ့် ကိုယ့်ကြောင့်လို.ဖြစ်နေရတယ်

သက်တန်.ကြီးဘက်က စဉ်းစားကြည့်ရင်လည်း
ဘ၀ဆိုတာ လှမယ်လို.တောင်မကြံသေးဘူး အဖျက်တွေဝင်လာတက်တယ်
ကိုယ့်အလှတွေမှာ သူတို.တွေပျှော်နိုင်ကြမှာဘဲလို. ထင်ပေမယ့်
ကိုယ်ပေါ်လာဖို. ရွာသွန်းပေးခဲ့တဲ့မိုးကို ပြစ်တင်ဝေဖန်နေကြတဲ့သူတွေရှိတယ်
ကိုယ့်က အစွမ်းကုန်တည်တံ့အောင်ကြိုးစားပေမယ့် တချိန်မှာ
အားလုံးရဲ. အထက်ကနေကွယ်ပျောက်သွားရတယ်။ ။

Tuesday, October 13, 2009

သဘာဝ..................

တောင်မှာလည်း တောင်အလှ
တောမှာလည်း တောအလှ
ပင်လယ်မှာလည်း ပင်လယ်အလှ
တောင်ကြီးမြင့်တာ သူသဘာဝ
တောကြီးစိမ်းတာ သူ.အလှ
ပင်လယ်ပြာတာ သူ.ဘဝ
တောင်မြင့်သလောက် မတ်မတ်တည်ပါတယ်
တောစိမ်းသလောက် ပိုပိုလှပါတယ်
ပင်လယ်ပြာသလောက် ရေနက်ပါတယ်
တောင်ကြီးမြင့်လို. ယိုင်တာမရှိ
တောကြီးစိမ်းလို. ရုပ်ဆိုးတာမရှိ
ပင်လယ်ပြာသလောက် ရေတိမ်တာမရှိ
အားလုံး အားလုံး
သူ.သဘာဝ သူ.အလှ သူ.ဘဝ
တည်နေကြပါတယ်.............။ ။

Monday, October 12, 2009

အလွဲ

သူကြင်မှ ကိုယ်ကြင်
သူချစ်မှ ကိုယ်ချစ်
သူနားလည်မှ ကိုယ်နားလည်
သူနဲ.ကိုယ့်ကြားလွဲနေတဲ့နားလည်မှု.များ
၃၄လို အနေများတဖြေးဖြေးနဲ.ဝေးလို.သွား
ဒီလိုဖြစ်ဖို.အကြောင်းဖန်လာပြီလား
သူများအသစ်တွေ.နေလား မုန်းလို.သွားပြီလား
ဆိုးလိုက်တဲ့အတွေးများ နှိပ်စက်လို.ထား
ကိုယ်ထင်သလို သူလည်းကိုယ့်ပေါ်ထင်နေတာလား
စဉ်းစားလေ ဝေးလေ
ကိုယ့်တို.တကယ်ဝေးကြတော့မှာလား
အိမ်မက်ပမာ ပုံရိပ်များဟာ
တဖြေးဖြေး တဖြေးဖြေး
ဝေး ဝေး ဝေး ဝေးးးးးးးးးးးးးးးးးးးးး။ ။

Friday, October 2, 2009

အပြင်ထွက်တွေးကြည့်ခြင်း..........

မှားနေမှန်းသိရင် အမှန်ကိုပြင်ပေါ့
မဖြစ်နိုင်မှန်းသိရင် ရှေ့ဆက်မတိုးနဲ.ပေါ့
ပူမှန်းသိရင်မထိနဲ.ပေါ့
ဆူးမှန်းသိရင် မငြိစေနဲ.ပေါ့
ခါးမှန်းသိရင် မစားနဲ.ပေါ့
ကျားမှန်းသိရင် မကစားနဲ.ပေါ့
ဟုတ်တယ် သိခဲ့ပါတယ်
ကစားခဲ့တာလည်း မဟုတ်ပါဘူး
ငြိစေခဲ့တာလည်း မဟုတ်ပါဘူး
အမှန်ကိုပြင်ချင်တာပေါ့
ရှေ့ဆက်မတိုးဘဲနေချင်တာပေါ့
ဒါပေမယ့် ဒါပေမယ့်........
အသိစိတ်ရှိတဲ့ ဦးနှောက်ရဲ. ဆုံးဖြတ်ချက်ကို
အသိမဲ့တဲ့ နှလုံးသားကငြင်းဆန်နေခဲ့တယ်လေ
စဉ်းစားဆင်ခြင်တက်တဲ့ ဦးနှောက်ရဲ. သတိပေးချက်ကို
မျက်ကန်း နှလုံးသားက မျက်ကွယ်ပြုနေခဲ့တယ်လေ
ခံစားချက်ကို ဦးစားပေးတက်သူတယောက်ဟာ
လောကကြီးမှာ ရှုံးနိမ့်မှု.တွေကို ပိုင်ဆိုင်ရတက်တယ်တဲ့
ရှုံးနိမ့်ချင်တဲ့ လူသားထဲမှာမပါတာတော့ သေချာပါတယ်
အကြီးကြီးအောင်မြင်ချင်တဲ့ သူဟာ
အသေးအမွှားလေးတွေကို စွန်.လွှတ်ရဲတဲ့စိတ်ဓာတ်ရှိရတယ်တဲ့
ဘာလုပ်ရမလဲ
ဘာလုပ်သင့်သလဲ
ဘယ်လိုလုပ်ရမလဲ
ဘယ်လိုလုပ်သင့်လဲ.................
မေးခွန်းပေါင်းများစွာ အတွေးပေါင်းများစွာ။ ။

Thursday, October 1, 2009

ရင်ထဲက (နှလုံးသား၏ထောင့်နေရာမှ)

ရင်ထဲက စူးခနဲ.အောင့်သွား
ရင်ထဲက စိမ့်ခနဲအေးသွား
ရင်ထဲက မျက်ခနဲနာသွား
ရင်ထဲက ပူပြီးနွေးသွား
ရင်ထဲက လှပ်လှပ်ခုန်သွား
ရင်ထဲက တစိမ့်စိမ့်ခံစား
ရင်ထဲက ချစ်စိတ်များ
ရင်ထဲက သံသယများ
ရင်ထဲက အတွေးများ
ရင်ထဲက ပြောချင်တာများ
ရင်ထဲက ပြောခဲ့တာများ
ရင်ထဲက စကားသံများ
ရင်ထဲက
ရင်ထဲက
ရင်ထဲက
ရင်ထဲက ပေါက်ဖွားလာမှု.များသူသိနိုင်မှာလား.................