RSS

Pages

Saturday, January 30, 2010

မပြောချင်ဆုံးသောစကားတခွန်း..........


ပြတ်သားဖို.လိုတယ်တဲ့
တယောက်ယောက်ကအကြံပေးသလို ဆန္ဒပြုတဲ့စကားတခွန်းပါ
ရင်ထဲကဆစ်ခနဲ မျက်သွားတဲ့ခံစားချက်ကို
ပါးပါးလေးပါဆိုပြီး မျက်ကွယ်ပြုထားချင်တယ်
တကယ်ကိုအချစ်တက်ဆုံး နားလည်ပေးနိုင်ဆုံးလို.မှတ်ယူထားမိတယ်လေ
သူ.ကို ချစ်သူတယောက် ချစ်တက်သူတယောက်ရယ်လို.ဘဲ
စိတ်ထဲရော နှလုံးသားထဲရောထည့်ထားခဲ့တာပါ
သူ.ရဲ.ဘ၀ လက်ရှိအခြေအနေ သ၀န်တိုစရာတွေ အထင်လွဲစရာတွေကို
အနားပေးထားပြီး ခေါင်းထဲကထုတ်ထားခဲ့တယ်
အလေးအနက်ပြောတဲ့စကားနဲ. ကတိတိုင်းကို
တည်ကြည်စွာ စောင့်ထိန်းနိုင်သူဖြစ်မယိလို.စိတ်ချထားခဲ့တယ်
စိတ်ဓာတ်ခွန်အားတွေအပြည့်ပေးနိုင်ပြီး
ရှေ့ကနေမားမားမတ်မတ်ကာကွယ် ရပ်တည်ပေးနိုင်လိမ့်မယ် ယုံကြည်ထားခဲ့တယ်
ကိုယ်ပျော်ရင် သူလည်းပျော်မယ်
ကိုယ်ပျော်သလို သူ.ကိုလည်းပျော်စေမယ်
တယောက်ကိုတယောက် နားလည်မှု.နဲ.ဖေးမပေးနိုင်မဲ့သူတွေလို.ဘဲ
ရင်ထဲမှာ ကျောက်ချထားခဲ့မိတယ်
လူတွေဟာ ကြောက်ဖို.ကောင်းတယ်
လိုတမျိုး မလိုတမျိုးဆိုတဲ့စိတ်ဓာတ်ရှိကြသူတွေထဲမှာ
ကျမအတွက်တော့ သူ မပါဘူးလို.လုံးဝမျက်စိမှိတ်ထားခဲ့မိတယ်
တဆိတ်တော့ ဆင်ခြင်ပေးပါရှင်ရယ်
ခဏခဏနာကျင်ရတဲ့ နှလုံးသားဟာ
ကြာရင်တော့မုန်းမိတော့မယ်ထင်တယ်
သီချင်းထဲကလို ချစ်တက်လို.မုန်းတက်ခဲ့ပြီဆိုတဲ့
အဖြစ်မရောက်စေချင်ဘူးကွယ်။ ။

Wednesday, January 20, 2010

အချစ်ပန်း


သူငယ်ချင်းကတားတယ်
ဒီပန်းကိုမခူးမိစေနဲ.တဲ့
အမှတ်တမဲ့ဘဲ လက်လှမ်းမိပါတယ်
ကြည်နူးမှု. လွမ်းမောမှု.
ပျော်ရွှင်မှု. ၀မ်းနည်းမှု.
အားလုံးကိုတပြိုင်နက်
သုံးဆောင်ခွင့် ရလိုက်တယ်
ဒီပန်းရဲ. ရနံ.ကြားက မိန်းမောပြီး
ရုန်းမထွက်နိုင်ခင်မှာဘဲ မြင်လိုက်ရတာက
ချောက်ကမ်းပါးကြီးတခုရယ်ပါ
တယောက်ယောက် နစ်မှာမဟုတ်ပါဘူး
နှစ်ယောက်စလုံး စုံးစုံးနစ်သွားနိုင်တဲ့အခြေအနေပေါ့
သူ.အခြေယိုင်ပြီး အစစအရာရာပြိုလဲသွားနိုင်သလို
ကိုယ့်အခြေမဲ့ပြီး အကုန်နိမ့်ပါးသွားရမယ့်အဖြစ်လေ
ချစ်တာက ချစ်တာ နှစ်တာကနှစ်တာပါဘဲ
ချစ်တာကြောင့် သူကိုနှစ်သလိုမဖြစ်စေချင်သလို
ကိုယ်တိုင်လည်း မနစ်ချင်တာဆန္ဒအမှန်ပါ
ဆင်းရဲမှာကိုကြောက်တာလားလို.မေးတော့
ဟုတ်ကဲ့...ပင်ပန်းဆင်းရဲ.မှု.ဆိုတာကိုသေချင်လောက်အောင်
ခံစားခဲ့ရဖူးတော့ ကြောက်ပါတယ်လို.ဘဲဖြေပါရစေ
မြေသြဇာမကောင်းတဲ့ အခြေမှာစိုက်ရမဲ့သည်ပန်းဟာလည်း
အပင်သန် အပွင့်လှနိုင်ဖို.ဆိုတာ
အန္တရာယ်ရှိတယ်လို. သူငယ်ချင်းကတားနေဆဲပါ
ချိုမြိန်တဲ့ဝတ်မှုန်တွေနဲ. လှပတဲ့ပန်းကိုဆွတ်လှမ်းနိုင်သူတွေရှိသလို
ခူးပြီးကာမှ ဆူးတွေနဲ.မို.လွှင့်ပစ်ချင်သူတွေလည်းရှိတယ်တဲ့
လှမ်းမိတဲ့ လက်ကိုပြန်ရုတ်လိုက်ရမလား
ရှေ့ဆက်ပြီး ခူးဆွတ်သင့်သလားဆိုတာ...............။ ။

Saturday, January 16, 2010

ယနေ.မြင်မိသမျှ

ပကာသနနဲ. ထာဝရဖက်တွယ်နေတဲ့ရန်ကုန်လူ.ဘုံလောက
ငွေရှိမှပြည့်စုံတယ်လို.ထင်ကြတဲ့ဆွေမျိုးညာတကာ
ရွှေရှိမှအမျိုးတော်ချင်ကြတဲ့ ရွှေမျိုးတွေ
ဘယ်မှာလဲ မေတ္တာတွေ ဘယ်မှာလဲ သစ္စာတွေ
အကြင်နာတွေဘယ်မှာလဲ
ပကာသနတွေကို ထာဝရလို.မှတ်ထင်နေသူတွေ
ပူလောင်ကျွမ်းနေတဲ့ ကတ္တရာလမ်းမတွေထက်လျှောက်လှမ်းရင်း
မွန်းကျပ်တဲ့ကားလမ်းမတွေထက်မှာ အခိုးအငွေ.ပေါင်းစုံကိုရှုရှိုက်ရင်း
ခက်ထန်မာကြောတဲ့မျက်နှာထားတွေနဲ. ဘယ်တော့အချောင်ရမလဲစဉ်းစားနေ
တနေ.တနေ.ချမ်းသာရေးအတွက် လူတကာပေါ်ခေါင်းပုံဖြတ်နေတဲ့ အမြတ်ကြီးစားသမားတွေ
တနေ.တနေ.သမုဒရာဝမ်းတထွာ အတွက်ဘ၀နဲ.မမျှ ရုန်းကန်ရှားနေရတဲ့ဆင်းရဲသားကလေးငယ်တွေ
တနေ.တနေ.အိမ်သားတွေအပြန်ကိုအထီးကျန်စွာဖြင့် အိမ်ပေါက်ဝတွင်ထိုင်စောင့်နေရတဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေ
မီးသတ်ကားတွေ လူနာတင်ယာဉ်တွေ ယာဉ်ထိန်းရဲတွေ လူဆိုးတွေ သူခိုးတွေ အလစ်သုတ်သမားတွေ ခါးပိုက်နှိုက်တွေ
လူတန်းစားပေါင်းစုံနေတဲ့ ဒီရွှေမြို.တော်ကြီးမှာ ရွှေရှိမှအမျိုးတော်ချင်ကြတဲ့ ရွှေမြန်မာတွေ
နောင်ဘယ်နှစ် နှစ်အထိဆက်လက်ရုန်းကန်နေကြဦးမှာပါလိမ့်။ ။

Sunday, January 10, 2010

ဘာလုပ်ကြမလဲ


ကဲ အခု ဘယ်လိုလုပ်မလဲ
ဒီမေးခွန်းကိုဖြေကြည့်ပါ
မီးအိမ်ကို ကိုင်စွဲပြီး ကမ်းအရောက်ပို.ခဲ့ပါတယ်
ကိုယ်တိုင်ရွက်လွှင့်ပြီး ဘေးကင်းရာဆောင်ယူပေးခဲ့တယ်
ခုတော့ ခုတော့
လေနီတွေထန်နေပြီ လှေငယ်ငယ်ဟာလည်းအက်ကွဲစပြုနေပြီ
ရွက်တိုင်တွေကလည်းကျိုးပဲ့လို အလုပ်မလုပ်ကြတော့ဘူး
ဒီကမ်းမမြင် လမ်းမမြင်ပင်လယ်ကြီးထဲမှာ ငါ့တယောက်ထဲ
ဘာလို.များကိုယ်လွတ်ရုန်းရက်ကြတာလဲ
ကဲ အခု ဘယ်လိုလုပ်မလဲ
ဒါပါဘဲလေ ဘ၀ဆိုတာ
ဘ၀လို.ပြောလို. ဘ၀အကြောင်းသိပ်အသိကြီးတော့မဟုတ်ပါဘူး
ဘနဲ.၀ပေါင်းတာလောက်တော့ စိတ်ဝင်စားစရာမကောင်းပါဘူး
ဒါပေမယ့် ဘ၀ဖြစ်သွားပြီ ဆိုရင်တော့ အာရုံမစိုက်လို.မရတော့ဘူး
လောကကြီးမှာ လူတွေက သာသူစားစတမ်းတဲ့
ဒါဆို နိမ့်ကျသူတွေက ထာဝရနိမ့်ပါးနေပြီး
မြင့်သူတွေကထာဝရမြင့်နေကြမှာပေါ့
ကြီးနိုင်ငယ်ညှင်းခေတ်ကြီးထဲမှာ လူတွေဘယ်သွားဖို.ဦးတည်နေကြပါသလဲ........။ ။

Tuesday, December 22, 2009

သူသိပါစေ.............


ချစ်တက်လို.လွမ်းတက်ခဲ့ပြီ
လျှောက်လာမှတွေ.ခွင့်ရမှာပါ
အမေးရှိမှသာ အဖြေရမှာ
အချစ်ရှိခဲ့လို. အလွမ်းဆိုတာပေါ်လာခဲ့တာ
ရင်ထဲကခံစားချက်ကို အပြစ်မတင်သင့်ပါဘူး
သူ.ခမျာဘာမှ မသိရှာဘဲခဏခဏ လှိုက်မောနေခဲ့ရတာလေ
အဝေးမှာရောက်နေပေမယ့် အနီးမှာရှိနေသလို ခံစားမိနေတာ
ကိုယ်အဝေးကိုသွားရမယ်ဆိုတော့မှ တကယ်လွမ်းမိတယ်
အရောက်တော့ပြန်ခဲ့မှာပါ နှလုံးသားလေးရယ်
သိပ်ပြီးနာကျင်အောင် မခံစားပါနဲ. ငါမခံနိုင်လို.ပါ
ဦးနှောက်ကနားလည်ပေမယ့် နားမလည်နိုင်တဲ့ နှလုံးသားကိုငါဘယ်လိုရှင်းပြရမလဲဟာ
ရင်ထဲက ခံစားချက်ကိုပြောပြနိုင်တဲ့ စကားလုံးလှလှလေးတွေငါမသိပါဘူး
ဒါပေမယ့် တကယ်ခံစားရတဲ့ နှလုံးသားလေးကတော့ တဆတ်ဆတ်တုန်နေရှာတယ်
ချမ်းအေးတဲ့ ဆောင်းရာသီမှာမွေးဖွားလာခဲ့သူ နှစ်ယောက်အဖြစ်ကရော
ဆုံနိုင်ခွင့်ဆိုတဲ့ လမ်းကိုမလျှောက်ခင် ငါတို.အကောင်းဆုံးဖြစ်အောင်ကြိုးစားကြမယ်လေ
နှလုံးသားလေး နားလည်နိုင်ပါစေ။ ။

Friday, December 11, 2009

ကြာတော့လည်း..............

သင်ချစ်လျှင်ကျွန်ုပ် မမုန်းပါတဲ့
သင်မချစ်လျှင် ကျွန်ုပ်လည်းချစ်မည်မဟုတ်လို.တွေးကြည့်စမ်းပါ်
တစ်ဖက်သတ်ဆန်လိုက်တာလို.တွေးကြည့်ရအောင်
တကယ်အချစ်စစ်မှာရော အဲသလိုရသလား
နောင်တမရလောက်တဲ့အထိချစ်ကြည့်ရအောင်
အကယ်လို.တယောက်နဲ.တယောက်ပြုံးပြဖို.တောင်ဝန်လေးနေပြီဆိုရင်တော့
လမ်းခွဲကြပါစို.
လမ်းခွဲတာဝမ်းနည်းစရာမဟုတ်ပါတဲ့
ကြားဖူးတာတော့ကြာပါပြီ
အချိန်တန်၇င် အားလုံးနဲ.ခွဲခွာသွားရမှာဘဲလေ
နာကျင်မှု.ကိုခံနိုင်ရည်ရှိဖို.တဖြေးဖြေးလေ့ကျင့်ယူနေတယ်လို.ပဲ
သဘောထားလိုက်ရအောင်
ခဏခဏနာကျင်လှုပ်ခတ်ခံရတဲ့ နှလုံးသားဟာ
ကြာတော့အနည်ထိုင်လာပါပြီ
ခဏခဏ အလိမ်ခံနေရတဲ့နှလုံးသားဟာ
ကြာတော့ထုံကျင်နေပါပြီ
ယုံပါ ယုံပါလို.ပြောခံရလွန်းလို.
နားတွေတောင်လေးချင်လာပြီ
ကြာတော့လည်း.........................

သတိ

လူ.လောကကြီးထဲမှာ
မျောက်လို လက်ဆော့တက်တဲ့လူမျိုး
ဆင်လို အငြိုးအတေးထား
မကော်းကြံတက်တဲ့ လူမျိုး
ကျီးကန်းလို အလစ်သုတ်ချင်တဲ့လူမျိုး
မြေခွေးလို သစ္စာမရှိတဲ့လူမျိုး
ငါ့ထိရင် အသေဘဲဆိုတဲ့ မြွေပွေးလိုလူမျိုး
အကွက်ချောင်းပြီး သားကောင်ဖမ်းတက်တဲ့
ကျား၊ကျားသစ်လိုအကောင်မျိုးတွေနေရာအနှံ. ရှိနေတက်တယ်။
သတိ....လူပေါင်းမမှားရန်။