RSS

Pages

Wednesday, January 20, 2010

အချစ်ပန်း


သူငယ်ချင်းကတားတယ်
ဒီပန်းကိုမခူးမိစေနဲ.တဲ့
အမှတ်တမဲ့ဘဲ လက်လှမ်းမိပါတယ်
ကြည်နူးမှု. လွမ်းမောမှု.
ပျော်ရွှင်မှု. ၀မ်းနည်းမှု.
အားလုံးကိုတပြိုင်နက်
သုံးဆောင်ခွင့် ရလိုက်တယ်
ဒီပန်းရဲ. ရနံ.ကြားက မိန်းမောပြီး
ရုန်းမထွက်နိုင်ခင်မှာဘဲ မြင်လိုက်ရတာက
ချောက်ကမ်းပါးကြီးတခုရယ်ပါ
တယောက်ယောက် နစ်မှာမဟုတ်ပါဘူး
နှစ်ယောက်စလုံး စုံးစုံးနစ်သွားနိုင်တဲ့အခြေအနေပေါ့
သူ.အခြေယိုင်ပြီး အစစအရာရာပြိုလဲသွားနိုင်သလို
ကိုယ့်အခြေမဲ့ပြီး အကုန်နိမ့်ပါးသွားရမယ့်အဖြစ်လေ
ချစ်တာက ချစ်တာ နှစ်တာကနှစ်တာပါဘဲ
ချစ်တာကြောင့် သူကိုနှစ်သလိုမဖြစ်စေချင်သလို
ကိုယ်တိုင်လည်း မနစ်ချင်တာဆန္ဒအမှန်ပါ
ဆင်းရဲမှာကိုကြောက်တာလားလို.မေးတော့
ဟုတ်ကဲ့...ပင်ပန်းဆင်းရဲ.မှု.ဆိုတာကိုသေချင်လောက်အောင်
ခံစားခဲ့ရဖူးတော့ ကြောက်ပါတယ်လို.ဘဲဖြေပါရစေ
မြေသြဇာမကောင်းတဲ့ အခြေမှာစိုက်ရမဲ့သည်ပန်းဟာလည်း
အပင်သန် အပွင့်လှနိုင်ဖို.ဆိုတာ
အန္တရာယ်ရှိတယ်လို. သူငယ်ချင်းကတားနေဆဲပါ
ချိုမြိန်တဲ့ဝတ်မှုန်တွေနဲ. လှပတဲ့ပန်းကိုဆွတ်လှမ်းနိုင်သူတွေရှိသလို
ခူးပြီးကာမှ ဆူးတွေနဲ.မို.လွှင့်ပစ်ချင်သူတွေလည်းရှိတယ်တဲ့
လှမ်းမိတဲ့ လက်ကိုပြန်ရုတ်လိုက်ရမလား
ရှေ့ဆက်ပြီး ခူးဆွတ်သင့်သလားဆိုတာ...............။ ။

0 comments:

Post a Comment