RSS

Pages

Sunday, January 10, 2010

ဘာလုပ်ကြမလဲ


ကဲ အခု ဘယ်လိုလုပ်မလဲ
ဒီမေးခွန်းကိုဖြေကြည့်ပါ
မီးအိမ်ကို ကိုင်စွဲပြီး ကမ်းအရောက်ပို.ခဲ့ပါတယ်
ကိုယ်တိုင်ရွက်လွှင့်ပြီး ဘေးကင်းရာဆောင်ယူပေးခဲ့တယ်
ခုတော့ ခုတော့
လေနီတွေထန်နေပြီ လှေငယ်ငယ်ဟာလည်းအက်ကွဲစပြုနေပြီ
ရွက်တိုင်တွေကလည်းကျိုးပဲ့လို အလုပ်မလုပ်ကြတော့ဘူး
ဒီကမ်းမမြင် လမ်းမမြင်ပင်လယ်ကြီးထဲမှာ ငါ့တယောက်ထဲ
ဘာလို.များကိုယ်လွတ်ရုန်းရက်ကြတာလဲ
ကဲ အခု ဘယ်လိုလုပ်မလဲ
ဒါပါဘဲလေ ဘ၀ဆိုတာ
ဘ၀လို.ပြောလို. ဘ၀အကြောင်းသိပ်အသိကြီးတော့မဟုတ်ပါဘူး
ဘနဲ.၀ပေါင်းတာလောက်တော့ စိတ်ဝင်စားစရာမကောင်းပါဘူး
ဒါပေမယ့် ဘ၀ဖြစ်သွားပြီ ဆိုရင်တော့ အာရုံမစိုက်လို.မရတော့ဘူး
လောကကြီးမှာ လူတွေက သာသူစားစတမ်းတဲ့
ဒါဆို နိမ့်ကျသူတွေက ထာဝရနိမ့်ပါးနေပြီး
မြင့်သူတွေကထာဝရမြင့်နေကြမှာပေါ့
ကြီးနိုင်ငယ်ညှင်းခေတ်ကြီးထဲမှာ လူတွေဘယ်သွားဖို.ဦးတည်နေကြပါသလဲ........။ ။

1 comments:

နွေဆူးလင်္ကာ said...

လူတွေ ဘယ်သွားဖို့ ဦးတည်နေကြလဲ? သိရင်ပြောဦးနော်။

Post a Comment