RSS

Pages

Tuesday, December 8, 2009

မိန်းမတဲ့.......

အကြည့်....
တချက်ထိပြီး
နှစ်ခါပြန်လည့်ကြည့်မိ
လှလွန်းပါတယ်
မိန်းမ.....................

မကြည့်
တစ်ခါပြန်ပြီး
နှစ်ခါပြန်မကြည့်မိ
ကျည်းတန်ပါတယ်
မိန်းမ........................

လှခြင်းနဲ. ကျည်းတန်
ခြားနားခြင်းဘယ်မရှိ
ညအမှောင်မှာ တွေ.ရင်
ဘယ်သူ လှ လို. ကျည်းတန်
ဘယ်လို သိနိုင်ပါလိမ့်
တူတူသာပ
မိန်းမ......။။။။။။။။


အရှက်
သိက္ခာကြီး
အရှက်ကိုအသက်ထက်တန်ဖိုးထား
မာနတရား ကြီးပါတယ်
မိန်းမ....

အရှက်နည်း
ဟိုမှာအကို ဒီမှာမောင်လေး
ဒီလိုမြူဆွယ်
လှည်.ဖြားတတ်ပါတယ်
မိန်းမ.....

အရှက် ကြီး နည်း
ခြားနားခြင်း ဘယ်မရှိ
တူနှစ်ကိုယ်
ကြင်နာခွင့် ရ ရင်
ဘယ်သူက
အရှက်ကြီး ပြီး နည်း လဲ
ဘယ်လို သိနိုင်မှာ လည်း
တူတူ သာပ
မိန်းမ....။။။။။။။။။

0 comments:

Post a Comment