RSS

Pages

Tuesday, December 8, 2009

သူသိပါစေ....

သူသိပါစေ………………
ဖြူလွှလွှကောင်းကင်ထဲ
မိုးဖွဲလေးတွေရဲ့ ကြား
ကိုယ်တစ်ယောက်ထဲ
လျှောက်လို့ သွားစဉ်
ကိုယ့်အနား မင်းရှိနေစေချင်ခဲ့တာတွေ………။

သူသိပါစေ………………
ဒဏ်ရာတွေနဲ့ ညများစွာရဲ့ အလည်
မာယာကျော့ ကွင်းတွေအောက်
ကိုယ်ဒူးထောက်စဉ်က
ကိုယ့်အနား မင်းရှိနေစေချင်ခဲ့တာတွေ………။

သူသိပါစေ………………
ချစ်ခြင်းနဲ့ မုန်းခြင်း အတွက်
မရေရာတဲ့အဖြေတွေကြားမှာ
အဖြေရှာမရတဲ့ ပုစ္ဆာတွက်နေချိန်မှာ
ကိုယ့်အနား မင်းရှိနေစေချင်ခဲ့တာတွေ

သူသိပါစေ………………
မျှော်လင့်ခြင်းတစ်ခုအတွက်
ရင်ခုန်ခြင်းအသစ်တွေပေးဆပ်လို့ 
ပြန်မရတော့မဲ့ မနက်ခင်း တစ်စုံ
မင်းအတွက်ဆို ကိုယ်ယူဆောင်ခဲ့ ပါ့မယ်
ကိုယ်သိပ်ချစ်တတ်တာ တော့ …. သူသိပါစေ…………။

0 comments:

Post a Comment