RSS

Pages

Saturday, September 12, 2009

ရင်ထဲမှ ခံစားချက်.......


ပင့်သက်တွေအခါခါရှိုက်
မျက်ဝန်းမှာမျက်ရည်တွေစိုစွတ်နေတာ
ရက်ပေါင်းများစွာကြာခဲ့ပြီ
ရင်တစ်ချက်ခုန်တိုင်းမျက်ရည်တစ်စက်
မြေပြင်ပေါ်အသာအယာဆင်းပြေးတာ
ကြငိနာသူမင်းမသိပဲကိုး။
တွေးလိုက်ရုံနဲ့ မျက်ရည်ဝဲရတဲ့ထိ
ဝမ်းနည်းတဲ့ခံစားချက်က
ကြင်သူပေးတဲ့လက်ဆောင်လား။
စိတ်ကူးထဲမှာပြန်တွေးတိုင်း
ဝဲတက်လာတဲ့မျက်ရည်စက်တွေ
ငိုခဲ့ရတဲ့ညတွေ..........
ရင်ခုန်ခဲ့ရတဲ့နေ့ တွေ
အမှတ်တရဖြစ်ရပ်တွေမရှိဘဲ
အမှတ်တမဲ့ရင်ထဲရောက်လာသူရေ
တို.ကိုဘယ်တော့မှ မမုန်းဘဲထာဝရ
ချစ်နေနိုင်ပါစေ။ ။

(ချစ်တဲ့သူ ပျှော်ရွှင်ပါစေ)

1 comments:

ဧရာဝတီသား said...

အမှတ်တမဲ့ ရင်ထဲရောက်လာ သူကြောင့် အမှတ်တရ တွေဖြစ်ရပြီ မဟုတ်လား ခင်ဗျာ။ ထာဝရ မမုန်းဘဲ ချစ်နိုင်ပါစေလို့ ဆုတောင်းပေး သွားပါတယ်။

Post a Comment