RSS

Pages

Saturday, September 12, 2009

တွေးကြည့်ခြင်း.........


မေ့ပစ်မယ်ဆိုမှ
အရင်ထက်ပိုပြီးသတိရမိတယ်..

မစွဲလမ်းဘူးထင်ပေမယ့်
အိမ်မက်ထဲရောက်ရောက်လာတယ်..

စွန့်လွှတ်ခဲ့ရပြီးမှ
ပြန်ပြီးပိုင်ဆိုင်ချင်လာတယ်..

မဖြစ်နိုင်တော့မှန်းသိရက်နဲ့လည်း
မျှော်လင့်ချက်တွေထားနေမိတယ်..

ဝေးသွားတော့မှ
ပိုပိုလွမ်းမိတယ်..

ကံကြမ္မာရယ်....
ပေါင်းစပ်ခွင့်မရမယ့် ဘ၀ နှစ်ခုကို...
ဘာလို့များ ဆုံဆည်းခွင့်တွေပေးခဲ့ရတာလဲ...?

1 comments:

Yu Ya said...

ကံကြမ္မာကို ရိုးမယ်ဖို့နေပါရောလား ရန်ကုန်သူရယ်..

yu ya

Post a Comment