RSS

Pages

Tuesday, July 28, 2009

ကျွန်မချစ်ခဲ့မိသော..................

ကျွန်မချစ်မိအပြစ်ရှိသည်


လွမ်းတယ်..

သတိရတိုင်းမင်းပို.ထားခဲ့တဲ့

စာလေးတွေပြန်ဖတ်ရင်း

ငါကျေနပ်နေဆဲပါ

လမ်းခွဲခါနီးမင်းပြောခဲ့တဲ့စကားလေးတစ်ခွန်း

ငါမှတ်မိနေသေးတယ်

ဖြစ်နိုင်ရင်သူငယ်ချင်းလိုနေကြရအောင်တဲ့

ငါလက်ခံပေးခဲ့ပါတယ်

အခုတော့....

လွမ်းနေသူရင်ထဲမှာ

မွန်းကျပ်နေတဲ့စကားလေးတွေကို

သူငယ်ချင်းလေးအဖြစ်နဲ့တစ်ချိန်ကချစ်သူကိုပြောချင်ပါတယ်

ငါမင်းကိုတစ်ရက်မှမေ့လို့မရခဲ့ပါဘူး..............တကယ်ပါ...

နင့်ကို

အချစ်ဆုံးလို့

သိလိုက်ရချိန်မှာ

ငါ့ဘေးမှာနင်မရှိတော့ဘူး...

တကယ်တော့ငါဟာ

အိမ်မက်တစ်ခုထဲက

လန့်နိုးလာသူပါ...

နင်ဟာငါ့ကို

ချစ်တတ်လာအောင်

သင်ပေးခဲ့သလို

ချစ်တတ်တော့မယ့်

အချိန်ရောက်တော့မှ

ငါ့အနားကခွဲပြီး

မုန်းတတ်လာအောင်လည်း

လေ့ကျင့်ပေးသွားခဲ့တယ်...

နင့်ကိုအပြစ်မတင်ပါဘူး

တကယ်တော့အပြစ်ရှိသူဟာ

နင့်ကိုချစ်မိခဲ့၊ချစ်သွားခဲ့တဲ့ငါပါ...


ဘယ်ဆီဘယ်မှာမသေချာတဲ့

ဆုံနိုင်ခွင့်တစ်ခုကို

မျှော်ကိုးရင်းတွေ့ကြဖို့ဆိုတာ

မဖြစ်နိုင်တဲ့အခါ

ငါ့အတွက်တော့

မင်းဓာတ်ပုံလေးကသာ

အလွမ်းပြေစရာပါ။

၁ယောက်ထဲပါ။

၂ယောက်မရှိပါဘူး။

၃သုံးနေကျစကားမဟုတ်လို့ပါ။

၎စားပေးပါ။

၅ရင်ထဲကိုဝင်ကြည့်ပါလား။

၆ကပ်နေတယ်။

၇ရက်ပတ်လုံးမင်းကိုလွမ်းလို့...

မင်းကိုသိပ်ချစ်ခဲ့တာကိုတော့ယုံပေးပါကွာ။

2 comments:

အနော် said...

ရန်ကုန်သူရေ ကဗျာလေးတွေ လာခံစားသွားတယ်နော်
ကဗျာကောင်းလေးတွေ နောက်ထပ် နောက်ထပ် လာဖတ်ဦးမယ်နော်

ဧရာဝတီသား said...

ရန်ကုန်သူ ရေ
ပြန်လာလည်ပါတယ်ဗျာ။ ကဗျာလေး ကောင်း၏။
" ၇ရက်ပတ်လုံး မင်းကိုလွမ်းလို့...
၈မျက်နှာ လှည့်ပြီး မကြေညာပါဘူး
၉စားမိတဲ့ အချစ်တွေ အတွက်
၁၀(ဆယ်)ယူပေးပါ ငါ့ဘ၀ကို...ချစ်သူ"
သူများ အကောင်းနဲ့ရေးထားတာ တွေ့ရင် နောက်တီးနောက်တောက် ၀င်လုပ်ရတာ ၀ါသနာပါတယ် ...အဟီး။ ၀ါသနာကို ထိန်းမရလို့ လက်ကမြင်းသွားတယ် :P
ခင်မင်လျက်

Post a Comment