RSS

Pages

Tuesday, July 28, 2009

ဘ၀တစ်ကွေ့


စုံတွေ့ကြတဲ့ ဘ၀မှာ
ဘုံဓလေ့ဆိုတာ ရှိတာမို့
ငိုမြဲ ဓမ္မတာ ဆိုတာ မေ့ချင်ယောင်ဆောင်ထားခဲ့ပေါ့။
အော် မနေ့က အတွေး ဒီကနေ့မှ ရေးရတာဆိုတော့
သူသိရင် အပူမိနေမလားပဲ။
မတွေးတော့ပါဘူးဆိုမှ
တရေးရေး ပေါ်လာတဲ့ သူ့ပုံရိပ်
စုံမှိတ်ပြီး ချစ်လိုက်မယ်။
မလွမ်းပါရစေ နဲ့
ပြီးတော့ မခွဲပါရစေနဲ့ ။
အချစ်ဆိုတာ အမုန်းမဟုတ်မှန်း သိပါတယ်။
ချစ်တယ်ကွာ။ နက်နက်ရှိုင်း ရှိုင်း ကို ချစ်မိတယ်ဆိုတာ
ဝန်ခံပါရစေ။
အဝေးက မှောင်နေပေမယ့် ငါရဲ့ နှလုံးသားမှာ လင်းနေမယ်။
အိပ်မက် က မလှပေမယ့် ဘ၀ က မနုံချာဘူး။
အချစ်ရှိရင် ဘာမဆို ရှိတယ်။
အော် ချစ်ရတဲ့ ချစ်သူ ရေ ..................
ငါ့ကို ခွဲမသွားပါနဲ့ ။မင်းမရှိရင် ငါဟာ
ဘာမှ မဟုတ်တော့ဘူး။
ချစ်သူ မင်းငါ့ကို အကောင်းဆုံး နားလည်ပေးပါ။

0 comments:

Post a Comment