RSS

Pages

Wednesday, September 2, 2009

တွေးမိသမျှ...............



ကျမအခုတလောစာရေးဖို. စဉ်းစားတိုင်းဘာမှကို
ရေရေရာရာမထွက်လာဘူးဖြစ်နေတယ်....
ကဗျာလည်းမရ...စာလည်းမရပေါ့
ရေးချင်နေတဲ့စဉ်းစားထားတဲ့အကြောင်းအရာတွက
အများကြီးရှိတယ်။ဘယ်ကဘယ်လိုစရေးရမှန်းမသိကိုမသိတာ....
စာမေးပွဲကြီးကလည်းတအားနီးနေလို.ထင်တယ်။
စိတ်တွေရှုတ်ထွေးနေတာလဲ
ပါတာပေါ့။ဒီနေ.တော့တပုဒ်ရေးဦးမှဆိုပြီး ဘလော့ထဲဝင်လိုက်တယ်....
ဘာအကြောင်းဘယ်လိုစရေးရပါ့....
အော်...သိပြီ ဟိုတပတ်က အကိုက သူ.ဘ၀ရဲ.မမေ့နိုင်တဲ့
ချင်းပြည်နယ်က အတွေ.အကြုံတွေကိုပြောပြခဲ့တယ်လေအဲဒီအကြောင်းတွေ
နားထောင်ရင်းကျမလဲ စဉ်းစားမိတယ်။ဟုတ်တယ်...ကျမ မြန်မာနိုင်ငံရဲ.ဒေသတော်တော်များများကိုရောက်ဖူးခဲ့ပါတယ်။
ကျမ ဖေဖေနဲ.မေမေက ၀န်ထမ်းတွေလေ.....သူတို.က
အထက်ကချမှတ်တဲ့အတိုင်းပြောင်းရွှေ.နေကြရတော့ ဒေသစုံကိုရောက်ဖူးနတာပေါ့
မှတ်မှတ်ရရ ကျမ ပထမဆုံးသတိသွားရမိတဲ့ဒေသ ကတော့ ရှမ်းပြည်က နောင်ချိုမြို.လေးပါ....အရမ်းအေးပြီးနေလို.ကောင်းတဲ့ဒေသလေးပေါ့။
နောင်ချိုမြို.ဆိုပေမယ့် ကျမတို.မိသားစုနေရတဲ့နေရာက မြို.မှာ မဟုတ်ပါဘူး....
ကမ္ဘာကျော် ဂုတ်ထိပ်တံတားရှိတဲ့ တောင်တန်းပေါ်ကရွာလေးတရွာမှာပါ။
မန္တလေး ကနေ မေမြို....မေမြို.ကနေ ...နောင်ချို...နောင်ချို ကနေ
ဆက်ပြီး ရထားတစ်တန် ကားတစ်တန်နဲ. သွားရတဲ့နေရာလေးပါ။
ကမ္ဘာအမြင့်ဆုံးတံတားတွေထဲမှာ စာရင်းဝင်ဖြစ်တဲ့ တံတားကြီးကို
ပထမဆုံးမြင်လိုက်ရတော့ ..ဒီလိုဒေသမှာ ကျမနေရလိမ့်မယ်လို.
အိမ်မက်တောင်မမက်ဖူးခဲ့ပါဘူး။
ကျမ အဲဒီမှာနေခဲ့တဲ့တလျှောက်လုံး တံတားကြီးပေါ်မှာ ရထားမလာခင် လျှောက်ကြည့်ခဲ့ဖူးတယ်...တံတားကြီးအောက်ကို
သွားပြီးဟိုးအပေါ်ကို မော့ကြည့်ခဲ့ဖူးတယ်...။
အဲဒီတံတားကြီးကိုဒီဘက်ထိပ်ကလှမ်းကြည့်ရင် အဖြူရောင်ဆေးသုတ်ထားတဲ့ တံတားကြီးကိုမြွေကြီးတကောင်သဖွယ်မြင့်မားလှပစွာတွေ.မြင်ရတယ်လေ..
တံတားရဲ. ဟိုးဘက်တောင်နံရံတွေကိုလည်းကြည့်ဦး ...ကျောက်သားတွေကိုခွဲချထားတာ
တိတိရိရိ ဘဲ....ကျောက်တောင်အမြင့်ကြီးတွေကတ်ာတော်လေးလှတယ်..
အဲဒီတံတားနဲ.ပက်သက်ရင် ကျမကြားဖူးတာကတော့ တံတားပေါ်ကနေခုန်ချပြီး
သေကြောင်းကြံတဲ့ အမျိုးသမီးဟာ....ခုန်လဲချလိုက်ရော သူ.ထမိန်ကလေထီးကြီးလိုဖြစ်ပြီး
အသက်မသေဘဲ ခြေထောက်ကျိုးသွားတယ်တဲ့....ကျမတို.နေရတဲ့နေရာ
ကအဲဒီတံတားကိုလှမ်းမြင်ရတဲ့ တောင်ပေါ်မှာပေါ့....
အရမ်းကိုအေးစိမ့်တဲ့နေရာတခုပါ...
ညဖက်ဆိုရင် မီးမဖိုဘဲ မအိပ်နိုင်ကြဘူးလ။တခါတလေ
အခြေအနေအရပ်ရပ်ကြောင့်
မီးဖိုခွင့်မရကြဘူး။ အဲဒီအရပ်ကအရင်တုန်းက
သူပုန်တွေအရမ်းပေါတယ်လို.ပြောကြတယ်..
ညဖက်မီးဖိုခွင့်မရတဲ့ နေ.မျိုးဆိုရင်ရတဲ့ဂွမ်းစောင်လေးကို
ကွေးနေအောင်ခြုံရင်းအံကြိတ်ပြီး မျက်ရည်ပူတွေစီးခဲ့ဖူးတယ်။
မေမေကလည်း မောင်လေးကတအားငယ်သေးတော့ ကျမကိုဂရုမစိုက်နိုင်ဘူးလေ...
ဖေဖေကလည်း ညဘက်ကျတော့တာဝန်ရှိလို. မအိပ်နိုင်ရှာဘူး။
ကျမ မှာလေ တယောက်ထဲ....အားငယ်လိုက်တာ မပြောပါနဲ.တော့..အဲဒီဘက်မှာ ကသေနတ်တွေကိုင်ကြတယ်..ကိုင်ခွင့်ရတယ်လေ။
တခါပေါ့...ညဘက်ကြီး...သေနတ်သံတွေကြားလို.ကျမတို.ဘာလုပ်လို.
ဘာကိုင်ရမှန်းမသိဘူး...တဒိုင်းဒိုင်းနဲ. ကမ္ဘာပျက်သလားအောက်မေ့ရတယ်..
တညလုံးအိပ်မပျှော် ဘဲ တကိုယ်လံးတုန်ယင်နေခဲ့တာပေါ့....
မနက်ကျတော့ ကျမတို.တောင်ပေါ်က လူသုံးယောက်ကျတယ်တဲ့....
အားးးးးးး.....ကြောက်လိုက်တာ.....ဘာလို.များရက်ရက်စက်စက်
တယောက်နဲတယောက်သတ်ကြဖြတ်ကြတာပါ့လိမ့်..
ဖေဖေရော.....ဖေဖေ...တော်သေးတာပေါ့....လက်မောင်းကိုဘဲထိတယ်တဲ့...
စိုးရိမ်စရာမရှိဘူးတဲ့......ကျမ မကြည့်ရက်လိုက်တာ..
ဒါပေမယ့်...အဲဒီဒေသလေးမှာ ကျမပျှော်ပါတယ်...အဆိုးထဲက
အကောင်းတွေလည်းရခဲ့ပါတယ်...ကျမ တို.မိသားစုမကွဲမပြားဘဲ တစ်အိမ်ထဲ စည်းစည်းလုံးလုံးနဲ.နေခွင့်ရတယ်လေ။
ဒေသခံလူတွေကလည်း အရမ်းကိုရိုးသားပွင့်လင်းကြပါတယ်.
.မြို.ပေါ်မှာလိုဟန်ဆာင်မှု.တွေ လှည့်ဖျားမှု.တွေ ဘာမှမရှိကြဘူး..
အားလုံးပကတိအတိုင်းတွေဘဲ။
အဲဒီတုန်းက ကျမ သိပ်ငယ်ပါသးတယ်..ကျမမှတ်မိသလောက်ပေါ့ သူတို.ဆီမှာ
ဒူးရင်းသီးတွေ ထောပတ်သီးတွေမလိုချင်မှ အဆုံးဘဲ...
မြို.ပေါ်မှာ ရှားပြီးဈေးကြီးတဲ့ ဟာတွေပေါ့။
ထောပတ်သီးဆိုတလုံး ငါးကျပ်ရယ်တဲ့လေ...မရှိလဲ စားချင်ရင် အလကားခူးသွား..ရတယ်...သူတို.ကအဲဒီအသီး..ကိုမစားကြဘူး..
စားရင်ဖျားကြလို.တဲ့ အယူရှိကြတယ်။
စိမ်းစားဥ ဆိုရင်လဲ...ရန်ကုန်ရောက်မှာ အော်...ငါမြင်ဖူးတဲ့
စိမ်းစားဥနဲ.တော်တော်ကွာပါလားလို. နှိုင်းယှဉ်မိတယ်.
ရှမ်းပြည်က စိမ်းစားဥ ဆိုရင် ရန်ကုန်က စိမ်းစားဥငါးလုံးပေါင်းစာလာက်ရှိတယ်..
အကြီးကြီးရယ်...
ရှောက်ပန်းသီးတွလည်းအများကြီး
ရန်ကုန်မှာတော့ ကျွှဲကောသီးပေါ့......အသီတွေအကြောင်းပြောလို.
အမှတ်ရသေးတယ်....စတော်ဘယ်ရီပင်ကို ကျမ စတွေ.ဖူးပုံပေါ့...
ကျမတို. နေရတဲ့ အိမ်လေးရဲ.နောက်မှာ စိုက်ခင်းလေးတွေရှိပါတယ်...
တနေ. ကျမ မနက်နိုးတော့မျက်နှာသစ်ဖို.
ရေကလည်းစိတ်ပျက်စရာကောင်းလောက်အောင်
အေးစက်ပြီးခဲခါနီးဖြစ်နေတယ်
နှာခေါင်း နဲ.ပါးစပ်ကလည်းအငွေ.တွေတထောင်းထောင်းထွက်နေတော့..
.ရေကိုလုံးဝမထိတော့ဘဲ...စိုက်ခင်း ဘက်ကိုအနွေးထည်လေးခြုံပြီး
လမ်းလျှောက်ကြည့်ခဲ့တယ်
မနက် စောစောစီးစီးနိုးနေတဲ့ ကျမ ကိုယ် ကျမလဲ
တော်တော်လေးစိတ်တိုနေမိတယ်။ညကလည်းအေးလွန်းလို.
ခြေထောက်တွေထုံ ကျဉ်ကိုက်ခဲလို. ဦးစိုင်းတဘူးလုံးနီးပါးကုန်အောင်
လိမ်းပေးခဲ့တဲ့ ဖေဖေလည်းအိပ်မောကျနေတယ်..
လူကြီးတွေအားလုံးလည်းအိပ်ကောင်းနေတဲ့အချိန်မို.လို. စိုက်ခင်းဘက်သွားလို.ရတာပါ
လူကြီးတွေ သိရင် .အဲဒီစိုက်ခင်းဘက် ကျမ ခြေဦးတောင်လှည့်ခွင့်ရမှာ
မဟုတ်ဖူး.....အဲဒါနဲ. ကျမလဲ ဘာတွေ များရှိမလဲဆိုပြီး
သိချင် စိတ်နဲ. ထွက်ခဲ့တာပေါ့...
အဲဒီမှာလေ ကျမ မြင်လိုက်ရတာက အစိမ်းရောင်အရွက်လှလှလေးတွေကြား
ကမြင်နေရတဲ့ အနီရဲရဲ အသီးလေးတွေအများကြီးသီးနေတဲ့ အခင်းလေးပါဘဲ။
ဟား........ကျမတော်တော်လေးရင်ခုန်သွားတာ သိလား..
ဘာဖြစ်မှန်း မသိဘူး ရင်ထဲမှာတလှပ်လှပ်နဲ.လေ...
ကျမ အဲဒီစိုက်ခင်းလေးထဲပြေးဝင်လိုက်ပြီးမြေပြင်က
အစိမ်းရောင်အရွကကလေးတွေဖုံးနေတဲ့ စတော်ဘယ်ရီ
အပင်ပုလေးကို သေချာထိုင်ကြည့်လိုက်တယ်။
အို...........လှလိုက်တာ...တကယ်ပါ ...သိလား.....အဲဒီအချိန်ကစပြီး ကျမ ချစ်တက်ခဲ့တာထင်တာဘဲ..ဘာလို.လဲဆိုတော့ စတော်ဘယ်ရီ
ပင်ပုလေးကို ကျမ သိပ်ချစ်သွားမိလ.ိုလေ။
အကြာကြီးငုတ်တုတ်လေးထိုင်ကြည့်နေခဲ့တာ...
စတော်ဘယ်ရီသီးလးကလဲ
ကျမကြည့်နေတာ သိလို.လား မသိဘူး...
ရှက်လို.ထင်တယ်...သူ.မျက်နှာလေးရဲ သထက်ရဲလာတယ်လို.ထင်မိတယ်
နှင်းမိုးတွေ ရွာလာတာတောင်သတိမထားမိခဲ့ဘူး.....
တကိုယ်လုံးနှင်းတွေရွှဲပြီး နှုတ်ခမ်းတွေပြာလာပြီး တဆတ်ဆတ်တုန်လာမှ
ကျမကိုကျမ သတိထားမိလာတာလေ...
အဲလို သတိထားမိလိုက်တဲ့ အချိန်မှာဘဲ...စတော်ဘယ်ရီခင်းလေးရဲ.
ရင်ခွင်ထဲမှာ ကျမ လောကကြီးနဲ. ခဏတာ အဆက်အသွယ်ပြတ်သွားခဲ့တယ်...
နောက်တော့ တပတ်လောက်အားဆေးတွေချိတ်ပြီး
တပတ်လောက်ဆေးရုံတက်လိုက်ရတယ်လေ.......
နောက်မှ ဂုတ်ထိပ်တံတားပေါ်မှာ လမ်းလျှောက်ပြီးရင်ခုန်ခဲ့ရတဲ့
အတွေ.အကြုံကိုရေးပါတော့မယ်..........။ ။
(ရန်ကုန်သူ)

1 comments:

Anonymous said...

ရန်ကုန်သူရေ ပျော်စရာကြီးပါလားဟေ့ ငါဆို မြန်မာနိုင်ငံကို စုံအောင်ရောက် ဖူးတာ မဟုတ်ဘူးဟ နောက်ဆို အထက်မြန်မာအကြောင်းကောင်းကောင်း ကြီးကိုရေးလိုက်စမ်းပါဟာ အားရပါးရကိုဖတ်ပစ်လိုက်မယ် နောက်လည်းလာလည်နော်သိလား

Post a Comment