ပန်ချင်တဲ့စိတ်နဲ.
လရောင်ကိုမငေးမိဖို.
ကိုယ့်ကိုယ်ကို ဖြေတွေးရပေါင်းများပြီ။
အခုတော့ ညရယ်
မိတ္တူကူးဖို. အခွင့်အခါသင့်တုန်း
ကြယ်စုံအောင် မစောင့်နိုင်တော့ဘူး။
သူလည်းကျွန်မလိုခံစားနေရပါ့ မလား?
သူ.အလုပ်တွေနဲ. သူရှုတ်နေ မလား?
လရယ်..................
ကျွန်မပြောချင်တဲ့ စကားတွေကိုသူ.ဆီဆောင်ကြဉ်းပေးပါလား
သူသာဒီညကို ခံစားနေမယ်ဆိုရင်ပေါ့လေ။
ရင်းခဲ့ရသမျှ
ဒဏ်ရာလည်း အမြတ်ဖြစ်တယ်
ကျေနပ်တတ်ဖို.ပါပဲ
နက္ခတ်တွေ ပြုန်းတဲ့အထိ
ငါ့ကို မုန်းစမ်း။
စိုရင် စိုသလောက်
အဖိုးတန်တဲ့ မျက်ရည်ဖြစ်ဖို.
ငါ မငိုဖြစ်ခဲ့ဘူး။
0 comments:
Post a Comment